မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့ပေါ်၌ ၂၀၂၃ခုနှစ်၊ စက်တင်ဘာလအတွင်း အရောင်းအဝယ်ဖြစ်လျက်ရှိသော အိမ်သုံးဆေးဝါးများ၏ဈေးနှုန်းများမှာ Decolgen (၁၀)လုံးပါ(၁) ကတ်လျှင် ကျပ်(၁၈၀၀)၊ Civit အလုံး(၁၀၀)ပါ(၁)ဘူးလျှင် ကျပ်(၂၅၀၀)၊ Paracetamol (၁၀)လုံးပါ (၁)ကတ်လျှင် ကျပ်(၃၀၀၀)၊ Biogesic (၁၀)လုံးပါ(၁)ကတ်လျှင် ကျပ်(၁၂၀၀)၊ Amoxicillin (၁၀)လုံးပါ (၁)ကတ်လျှင် ကျပ်(၈၀၀)၊ Enervon-C (၄)လုံးပါ(၁)ကတ်လျှင် ကျပ်(၁၆၀၀)၊ Burmeton အလုံး (၁၀၀)ပါ (၁)ဘူးလျှင် ကျပ်(၂၀၀၀)၊ Cetirizine (၁၀)လုံးပါ (၁)ကတ်လျှင် ကျပ်(၃၀၀)၊ ဓာတ်ဆား MPF (၁)ထုပ်လျှင် ကျပ်(၃၅၀)၊ သီးစုံဓာတ်ဆား Royal-D (၁)ထုပ်လျှင် ကျပ်(၃၅၀)၊ Oramin-G (၅) လုံးပါ (၁)ကတ်လျှင် ကျပ်(၃၀၀၀)၊ Becozinc (၁၀)လုံးပါ (၁)ကတ်လျှင် ကျပ်(၃၈၀၀)၊ Vitahome (၁၀)လုံးပါ (၁)ကတ်လျှင် ကျပ် (၂၀၀၀)၊ SaRa (၁၀)လုံးပါ (၁)ကတ်လျှင် ကျပ်(၉၀၀)၊ Vitacee (၁၅) လုံးပါ (၁)ကတ်လျှင် ကျပ်(၃၀၀၀)၊ Flemex (၁၀)လုံးပါ (၁)ကတ်လျှင် ကျပ်(၃၃၀၀)၊ Solmux (၄)လုံးပါ (၁)ကတ်လျှင် ကျပ်(၁၃၀၀)၊ Woods (၁)ဘူးလျှင် ကျပ်(၉၀၀၀)၊ Alaxan (၁၀)လုံးပါ (၁) ကတ်လျှင် ကျပ်(၂၀၀၀)၊ Mixagrip (၄)လုံးပါ (၁)ကတ်လျှင် ကျပ်(၁၁၀၀)၊ Vitamin-C 100 mg (၁)လုံးလျှင် ကျပ်(၅၀)၊ Zinc (၁)လုံးလျှင် ကျပ်(၅၀)၊ Becozinc (၁)လုံးလျှင် ကျပ်(၃၈၀)၊ Zincovit (၁)လုံးလျှင် ကျပ်(၃၀၀) ဈေးနှုန်းအသီးသီးဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။
ယခင်ဩဂုတ်လနှင့် ဈေးနှုန်းနှိုင်းယှဉ်ချက်အရ ယခုစက်တင်ဘာလအတွင်း၌ Civit နှင့် Paracetamol မှာ ကျပ် (၁၀၀၀)၊ Burmeton နှင့် Flemex တို့မှာ ကျပ် (၈၀၀)၊ Decolgen၊ Oramin-G နှင့် Alaxan တို့မှာ ကျပ် (၅၀၀)၊ Enervon-C၊ Vitahome နှင့် SaRa တို့မှာ ကျပ်(၄၀၀) ဈေးနှုန်းများမြင့်တက်၍ ကျန်ဆေးဝါးများမှာ ဈေးငြိမ်နေပြီး အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ဆေးနှင့်ဆေးပစ္စည်းရောင်းချသူများထံမှသိရှိရပါသည်။
DOCA(မကွေး)