တောင်ငူခရိုင် ဖြူးမြို့တွင် အခြေခံစားကုန်အချို့ဈေးနှုန်းအနည်းငယ်ကျ

Powered by Drupal

      တောင်ငူခရိုင်၊ ဖြူးမြို့တွင် ယခင်လက ရွှေဘိုပေါ်ဆန်း တစ်အိတ်လျှင် ၁၆၀၀၀၀ ကျပ်ရှိရာမှ ယခုအပတ်တွင် ၁၄၀၀၀၀ ကျပ်ဖြင့် ဈေးနှုန်းအနည်းငယ် ပြန်လည်ကျဆင်းပြီး ဧည့်မထ (မိုး)ဆန် တစ်အိတ်လျှင် ၇၅၀၀၀ ကျပ် ၊ ဧည့်မထ(နွေ)ဆန် တစ်အိတ်လျှင် ၆၅၀၀၀ ကျပ်ဖြင့် ဈေးနှုန်းတည်ငြိမ်နေပါသည်။

    မြေပဲဆီမှာ ယခင်လက တစ်ပိဿာလျှင် ၁၇၀၀၀ ကျပ် ရှိရာမှ ယခုအပတ်တွင် တစ်ပိဿာလျှင် ၁၅၀၀၀ ကျပ်အထိ ဈေးနှုန်းကျဆင်းပြီး စားအုန်းဆီမှာ တစ်ပိဿာလျှင် ၅၀၀၀ ကျပ်ဖြင့် ရောင်းချလျက်ရှိပါသည်။

    ကြက်သွန်နီမှာ  ယခင်လက တစ်ပိဿာလျှင် ၃၀၀၀ ကျပ်မှ ၃၂၀၀ ကျပ်အထိရှိရာမှ ယခုအပတ်တွင် တစ်ပိဿာလျှင် အသေး ၃၆၀၀ ကျပ်၊ အလတ် ၃၈၀၀ ကျပ်၊ အကြီး ၄၀၀၀ ကျပ်ဖြင့် ဈေးနှုန်းအနည်းငယ် မြင့်တက်ပြီး ကြက်သွန်ဖြူမှာ ယခုလ အစောပိုင်းက တစ်ပိဿာလျှင် အသေး ၉၀၀၀ ကျပ်၊ အလတ် ၉၅၀၀ ကျပ်၊ အကြီး တစ်ပိဿာလျှင် ၁၀၀၀၀ ကျပ်အထိဖြင့် ဈေးနှုန်း တည်ငြိမ်နေပါသည်။

     ငရုတ်ခြောက် အရှည်မှာ ယခင်လက တစ်ပိဿာလျှင် ၁၈၀၀၀ ကျပ်မှ ၂၀၀၀၀ ကျပ် အထိ ရှိရာမှ ယခုအပတ်တွင် တစ်ပိဿာလျှင် ၁၅၀၀၀ ကျပ်မှ ၁၈၀၀၀ ကျပ်အထိ ဈေးနှုန်း အနည်းငယ်ကျဆင်းပြီး ကုလားပဲခြမ်းမှာ တစ်ပိဿာလျှင် ၆၄၀၀ ကျပ်၊ ကုလားပဲလုံးမှာ တစ်ပိဿာလျှင် ၄၈၀၀ ကျပ်မှ ၅၀၀၀ ကျပ်အထိဖြင့် ဈေးနှုန်းတည်ငြိမ်နေပါသည်။

       မြေပဲဆန်(အနီ)မှာ ယခင်လက တစ်ပိဿာလျှင် ၉၉၀၀ ကျပ်ရှိရာမှ ယခုအပတ်တွင် တစ်ပိဿာလျှင် ၉၀၀၀  ကျပ်၊ မြေပဲဆန်(အဖြူ)မှာ ယခုလက တစ်ပိဿာလျှင် ၈၀၀၀ ကျပ်ရှိရာမှ ယခုအပတ်တွင် တစ်ပိဿာလျှင် ၇၅၀၀ ကျပ်ဖြင့် ဈေးနှုန်းအနည်းငယ်ကျဆင်းကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)