တောင်ငူမြို့တွင် ဟင်းသီးဟင်းရွက်အချို့ ဈေးနှုန်းကျ

Powered by Drupal

         တောင်ငူမြို့ ညောင်ပင်လေးဈေးရှိ ဟင်းသီးဟင်းရွက်ဈေးတွင် ငရုတ်သီးစိမ်း (ကျောက်စိမ်းသီး)မှာ တစ်ပိဿာလျှင် ၂၅၀၀ ကျပ်မှ ၃၀၀၀ ကျပ်၊ ငရုတ်သီးစိမ်း (မိုးထောင်သီး)မှာ တစ်ပိဿာလျှင် ၆၀၀၀ ကျပ်မှ ၇၀၀၀ ကျပ်၊ ကုလားအော်သီးမှာ တစ်ပိဿာလျှင် ၁၆၀၀၀ ကျပ်မှ ၁၈၀၀၀ ကျပ်ဖြင့်  ဈေးနှုန်းတည်ငြိမ်နေပါသည်။ 

        ခရမ်းသီး (အဖြူ)မှာ ယခင်အပတ်က တစ်ပိဿာလျှင် ၁၈၀၀ ကျပ်မှ ၂၀၀၀ ကျပ် ရှိရာမှ ယခုအပတ်တွင် တစ်ပိဿာလျှင် ၁၀၀၀ ကျပ်မှ ၁၅၀၀ ကျပ်အထိ၊ ခရမ်းသီး(အညို)မှာ ယခင်အပတ်က တစ်ပိဿာလျှင် ၂၀၀၀ ကျပ်မှ ၂၅၀၀ ကျပ်အထိ ရှိရာမှ ယခုအပတ်တွင် တစ်ပိဿလျှင်  ၁၂၀၀ ကျပ်မှ ၁၇၀၀ ကျပ်အထိဖြင့် ဈေးနှုန်းကျဆင်းပါသည်။

        ဒေသသခွားသီးမှာ တစ်ပိဿာလျှင် ၁၁၀၀ ကျပ်မှ ၁၃၀၀ ကျပ်၊ ရှမ်းပြည်သခွားသီးမှာ ယခင်အပတ်က တစ်ပိဿာလျှင် ၁၃၀၀ ကျပ်မှ ၁၅၀၀ ကျပ်အထိဖြင့် ဈေးနှုန်းတည်ငြိမ်နေပါသည်။  ခရမ်းချဉ်သီး(ရှမ်းပြည်သီး)မှာ ယခင်အပတ်က တစ်ပိဿာလျှင် ၁၂၀၀ ကျပ်မှ ၁၅၀၀ ကျပ်ရှိရာမှ ယခုအပတ်တွင် တစ်ပိဿာလျှင် ၁၄၀၀ ကျပ်မှ ၁၂၀၀ ကျပ်အထိဖြင့် ဈေးနှုန်းအနည်းငယ်တက်သွားပြီး ခရမ်းချဉ်သီး (ဒေသသီး)မှာ တစ်ပိဿာလျှင် ၃၂၀၀ ကျပ်မှ ၃၅၀၀ ကျပ်အထိ ဖြင့် ဈေးနှုန်းတည်ငြိမ်နေပါသည်။

           နံနံပင်မှာ တစ်ဆယ်ကျပ်သားလျှင် ၄၀၀ ကျပ်ဖြင့် ဈေးနှုန်းတည်ငြိမ်နေပြီး မုန်ညှင်းဖြူ မှာ ယခင်အပတ်က တစ်ပိဿာလျှင် ၂၀၀၀ ကျပ်မှ ၂၂၀၀ ကျပ်ရှိရာမှ ယခုအပတ်တွင် တစ်ပိဿာလျှင် ၁၈၀၀ ကျပ်မှ ၂၀၀၀ ကျပ်၊ မုန်လာဥဖြူမှာ ယခင်အပတ်က တစ်ပိဿာလျှင် ၂၀၀၀ ကျပ်မှ ၂၂၀၀ ကျပ်ရှိရာမှ ယခုအပတ်တွင် တစ်ပိဿာလျှင် ၁၆၀၀ ကျပ်မှ ၂၀၀၀ ကျပ်အထိ ဈေးနှုန်း ကျဆင်းပြီး မုန်လာဥနီမှာ တစ်ပိဿာလျှင် ၂၅၀၀ ကျပ်မှ ၂၈၀၀ ကျပ်အထိဖြင့် ဈေးနှုန်း တည်ငြိမ်နေပါသည်။

         ကန်စွန်းရွက်မှာ တစ်စည်း ၁၅၀ ကျပ်၊ ၁၀ စည်းယူလျှင် ၁၂၀၀ ကျပ်၊ ချဉ်ပေါင်ရွက်မှာ တစ်စည်း ၁၀၀ ကျပ်၊ ၁၀ စည်းယူလျှင် ၈၀၀ ကျပ်၊ ကင်မွန်းချဉ်ရွက်မှာ တစ်စည်းလျှင် ၂၀၀ ကျပ်၊ ၁၀ စည်းယူလျှင် ၁၆၀၀ ကျပ်ရှိကြောင်း သိရပါသည်။

DOCA(ပဲခူး)