မိတ္ထီလာမြေပဲဈေးကွက်အခြေအနေ

Powered by Drupal

   မိတ္ထီလာခရိုင်အတွင်း မြေပဲသီးနှံတချို့မှာ စတင်ရိတ်သိမ်းနေပြီဖြစ်ရာ မြေပဲတောင့်တစ်တင်းလျှင် (၂၀၀၀၀) ကျပ်ရှိကြောင်းသိရသည်။ ၂၀၂၃ခုနှစ်၊ မေလတွင် စတင်စိုက်ပျိုးသောမြေပဲမှာ တစ်ဧကလျှင် အတောင့် (၆) တင်းစိုက်ပျိုးကာ လုပ်သားခ၊ ထယ်ထွန် စသည့်စိုက်စရိတ်များကို စုစုပေါင်းတွက်ချက်လျှင် တစ်ဧကလျှင် (၃၆၀၀၀၀) ကျပ်ခန့်ကုန်ကျကာ ထွက်ရှိလာသည့် သီးနှံအပေါ် ဆွတ်ခတစ်တင်းနှင့် နှုတ်ခ၊ ရိတ်သိမ်းခတို့အတွက် (၄) ပြည်ပေးရပါသည်။ တစ်ဧကလျှင် (၃၅) တင်းကျော်ထွက်ရှိသော်လည်း ယခုနှစ်အစောပိုင်းတွင် မိုးနည်းခြင်းကြောင့် တစ်ဧကလျှင် တင်း (၃၀) ခန့်သာခန့်မှန်းထားရာ တောင်သူများအကျိုးအမြတ်နည်းပါးကြောင်းသိရသည်။ ယခုလက်ရှိပေါက်ဈေးမှာ မြေပဲအတောင့်တစ်တင်းလျှင် (၂၀၀၀၀) ကျပ်နှင့် မြေပဲဆံတစ်ပိဿာလျှင် (၈၅၀၀) ကျပ်ရှိကြောင်း ဈေးကွက်မှသိရပါသည်။

DOCA(မန္တလေး)