ဖြူးမြို့ မြို့မ(၁)မူလွန်တွင် စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြော

Powered by Drupal

   ကျောင်းသား၊ကျောင်းသူများ သိသင့်သိထိုက်သည့် အသိပညာဗဟုသုတများ သိရှိစေရန် ရည်ရွယ်၍ စားသုံးသူရေးရာဦးစီးဌာန၊ ဖြူးမြို့နယ်တာဝန်ခံရုံးနှင့် ဖြူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနဦးစီးဌာနတို့ ပူးပေါင်းကျင်းပသည့် အသိပညာပေးဟောပြောပွဲကို ၂၀၂၃ခုနှစ်၊စက်တင်ဘာလ ၁၄ ရက်နေ့ ၊နံနက်ပိုင်းတွင် ဖြူးမြို့၊ မြို့မ(၁) အခြေခံပညာမူလတန်းလွန်ကျောင်း၌  ကျင်းပပြုလုပ်ပါ သည်။

   ဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာန၊ ဖြူးမြို့နယ်တာဝန်ခံရုံးမှ ဌာနခွဲစာရေး ဒေါ်ပပလင်းက စားသုံးသူ၏အခွင့်အရေးနှင့်တာဝန်များ၊ စားသုံးသူကာကွယ်ရေးဆောင်ရွက်ချက်များ၊ ကုန်စည်များ ဝယ်ယူရာတွင် ကုန်အညွှန်းအမှတ်အသားများကို ဦးစားပေးဖတ်ရှုသင့်သည့်အကြောင်းများကို ဟောပြောခဲ့ပါသည်။

    ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်အိမာဟိန်းက စာကြည့်တိုက်များထူထောင်ခြင်းအကြောင်းနှင့် စာဖတ်ခြင်း၏ အကျိုးကျေးဇူးကို ဟောပြောခဲ့ကြောင်းနှင့် ဟောပြောပွဲသို့ ကျောင်းသား၊ကျောင်းသူ ၁၀၉ ဦး တက်ရောက်ခဲ့ကြောင်း သိရပါသည်။

DOCA(ပဲခူး)