တောင်ငူမြို့နယ် မင်းလမ်းကျေးရွာမှ CP အသားတိုးဝက်နှင့် CP မျိုးစပ် ဝက်ကောင်ပေါက် မွေးမြူရေးလုပ်ငန်း

Powered by Drupal

     တောင်ငူမြို့နယ်၊ ငါးဖယ်အင်းကျေးရွာအုပ်စု၊ မင်းလမ်းကျေးရွာရှိ ဦးမြဝင်း၏ CP အသားတိုးဝက်နှင့် CP မျိုးစပ် ဝက်ကောင်ပေါက်များကို ဝယ်ယူနိုင်ရရှိနိုင်ပါသည်။ ၄၅ ရက်သား အသားတိုး ဝက်ပေါက်တစ်ကောင်လျှင် ၁၅၀၀၀၀ ကျပ်ပေးရပြီး နောက် ရက်ပေါင်း ၆၀ ကြာလျှင် ရောင်းတန်းဝင် ဝက်ကြီးတစ်ကောင်အဖြစ် ရောင်းချနိုင်ပါသည်။

       CP ဝက်စာ (ပိဿာ ၂၀)အိတ် တစ်အိတ်၊ ဆန်ကွဲ (ပိဿာ ၃၀ အိတ်) နှစ်အိတ်နှင့် ဖွဲနု (ပိဿာ ၂၀ အိတ်)တစ်အိတ်ကို‌ ရောစပ်ပြီး တစ်နေ့ကို သုံးကြိမ်ကျွေးရပါသည်။ ဝက်ပေါက်အစာ တစ်အိတ်လျှင် ၂၅၀၀၀ ကျပ်၊ ဝက်လတ်အစာ တစ်အိတ်လျှင် ၃၅၀၀၀ ကျပ်နှင့် ဝက်ကြီးအစာ တစ်အိတ်လျှင် ၅၀၀၀၀ ကျပ် ပေးရပါသည်။

   ရောင်းတန်းဝင် ဝက်ကြီးတစ်ကောင်ကို အချိန် တစ်ပိဿာလျှင် ၁၁၀၀၀ ကျပ်ဖြင့် ဝက်ဒိုင်များက ခြံအရောက်လာရောက်ဝယ်ယူပါသည်။ ယခင်က အသားတိုး CP ဝက်မွေးမြူရေးမှာ တွက်ချေကိုက်သော်လည်း ယခုအခါ အစာဈေးမြင့်တက်မှုကြောင့် အကျိုးအမြတ်နည်းပါးလာပါသည်။

     အသားတိုးဝက်မွေးမြူခြင်းထက် CP မျိုးစပ် ဝက်မမွေး၍ အကောင်ပေါက်ရောင်းချခြင်းက ပိုမိုအကျိုးအမြတ်ရရှိပါသည်။ CP မျိုးစပ် ၄၅ ရက်သား ဝက်ပေါက်တစ်ကောင်လျှင် ၁၅၀၀၀၀ ကျပ် ရောင်းချရကြောင်း သိရပါသည်။

DOCA(ပဲခူး)