ကျောက်ဆည်ခရိုင်တွင် ကြက်သွန်နီများစတင်စိုက်ပျိုးလျက်ရှိ

Powered by Drupal

     မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်တွင် စားဖိုဆောင်သီးနှံများဖြစ်သော ခရမ်းချဉ်သီး၊ ငရုတ်သီးများအပြင် ကြက်သွန်သီးနှံလည်းစိုက်ပျိုးလျက်ရှိပြီး ခရိုင်အတွင်း ကြက်သွန်နီစိုက်ဧက (၁၉၉၄)ဧကစိုက်ပျိုးရန် လျာထားလျက်ရှိကြောင်း သက်ဆိုင်ရာဌာန၏ စာရင်းများအရသိရှိရပါသည်။ ၂၀၂၃ခုနှစ်၊ စက်တင်ဘာလ တတိယအပတ်မှစ၍ ကြက်သွန်နီများကို မြစ်သားမြို့နယ်အတွင်းရှိ ကသဲကုန်းကျေးရွာ၊ ထနောင်းကုန်းကျေးရွာနှင့် ရွှေကြာအင်းကျေးရွာများ၌ စတင်စိုက်ပျိုးလျက်ရှိပါသည်။ တစ်ဧကလျှင် စိုက်ပျိုးမှုမှာ (၁၅၀၀၀၀၀) ကျပ်ခန့်ကုန်ကျကြောင်း၊ မျိုးအနေဖြင့် ရွှေဖလားမျိုး၊ ရွှေဖလားထိပ်မောက်မျိုးများကို အများဆုံးစိုက်ပျိုးကြကြောင်း၊ ပျိုးထောင်စိုက်ပျိုးသူများရှိပြီး ပျိုးထောင်ချိန်မရသောတောင်သူများမှာလည်း မျိုးများဝယ်ယူ၍ စိုက်ပျိုးရကြောင်း၊ ပျိုးတစ်ပေါင်လျှင် (၂၀၀၀၀၀)ကျပ်ဖြင့် ဝယ်ယူစိုက်ပျိုးရကြောင်း၊ ရာသီဥတုအနေဖြင့် မိုးဖွဲဖွဲလေးများကျရောက်သဖြင့် ကြက်သွန်နီစိုက်ပျိုးမှုအတွက် အထောက်အကူဖြစ်သဖြင့် ကြက်သွန်နီစိုက်ပျိုးမှုအကောင်းဆုံးအချိန်ဖြစ်ကြောင်း စိုက်ပျိုးသူတောင်သူတစ်ဦး၏ပြောပြချက်အရ သိရှိရပါသည်။

DOCA(မန္တလေး)