တောင်ငူမြို့သို့ ရှမ်းပြည်နယ်မှ သရက်သီးနှင့် ဇီးပန်းသီးများဝင်ရောက်

Powered by Drupal

      တောင်ငူမြို့သို့ အခြားအရပ်ဒေသများမှ ရာသီအလိုက် သီးနှံများတင်ပို့ရောင်းချလျက်ရှိရာ ယခုအခါ ရှမ်းပြည်နယ်မှ သရက်သီးအစိမ်းနှင့် အမှည့်များကို သစ်သီးဆိုင်များတွင် ရောင်းချနေသည်ကို တွေ့ရပါသည်။

         သရက်သီးအစိမ်းမှာ ၂၅ ကျပ်သားလျှင် ၁၀၀၀ ကျပ်၊ တစ်ပိဿာလျှင် ၃၅၀၀ ကျပ်ဖြင့် ရောင်းချပြီး ရင်ခွဲသရက်သီးအမှည့်မှာ တစ်လုံးလျှင် အသေး ၅၀၀ ကျပ်၊ အလတ် ၇၀၀ ကျပ်နှင့် အကြီး ၁၀၀၀ ကျပ်ရှိပါသည်။ ၁၀ လုံးယူလျှင် ဈေးနှုန်းအနည်းငယ်လျော့ပါသည်။

      ဇီးပန်းသီးဟု လူသိများသောပန်းသီးမှာ ၂၅ ကျပ်သားလျှင် ၂၀၀၀ ကျပ်ရှိပြီး တစ်ပိဿာ ၇၅၀၀ ကျပ်ဖြင့်ရောင်းချပါသည်။ ရိုးရိုးပန်းသီးမှာ အလုံးအကြီး အသေးပေါ်မူတည်ပြီး တစ်လုံးလျှင် ၅၀၀ ကျပ်မှ ၈၀၀ ကျပ်အထိရှိပါသည်။ တရုတ်ပန်းသီးမှာ တစ်လုံးလျှင် ၁၀၀၀ ကျပ်မှ ၁၂၀၀ ကျပ် အထိရှိကြောင်းနှင့် အရောင်းအဝယ်မှာ ပုံမှန်အတိုင်းရှိကြောင်း သိရပါသည်။

DOCA(ပဲခူး)