မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်တွင် စားဖိုဆောင်သီးနှံမျိုးစုံနှင့် ပြောင်းအမျိုးမျိုးတို့းစိုက်ပျိုးသည့်အပြင် နှံစားပြောင်းသီးနှံများကိုလည်းစိုက်ပျိုးလျက်ရှိပါသည်။ (၂၀၂၃-၂၀၂၄) ဘဏ္ဍာနှစ်တွင် နှံစားပြောင်းစိုက်ဧက (၃၁၇၇)ဧက အောင်မြင်စွာစိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း သက်ဆိုင်ရာဌာန၏ စာရင်းများအရသိရှိရပါသည်။ ကျောက်ဆည်မြို့နယ်၊ တောင်တော်ကျေးရွာ၊ နောင်ခမ်းကျေးရွာနှင့် ကင်းကျေးရွာတို့ရှိ ကုန်းကွက်များ၌ အများဆုံးစိုက်ပျိုးလျက်ရှိကြောင်း၊ စိုက်ပျိုးပြီး (၃-၄) လအကြာတွင် ရိတ်သိမ်းပြီးစီးပြီဖြစ်ကြောင်း၊ နှံစားပြောင်းသီးနှံစိုက်ပျိုးမှုတစ်ဧကမျိုးအနေဖြင့် (၄)ပြည်စိုက်ပျိုးရကြောင်း၊ စိုက်ပျိုးသောမျိုးများမှာ ထွက်တိုးနီနှင့်ထွက်တိုးဖြူမျိုးများစိုက်ပျိုးကြကြောင်း၊ မျိုး(၁)ပြည်လျှင် (၃၀၀၀)ကျပ်ပေးရကြောင်း၊ ပြောင်းစိုက်ပျိုးမှု(၁)ဧကလျှင် ကုန်ကျစရိတ်အနေဖြင့် (၂၀၀၀၀၀)ကျပ်ကုန်ကျကြောင်း၊ ယခင်နှစ်စိုက်ပျိုးမှုတွင် (၁)ဧကရိတ်သိမ်းခြွေပြီးသည်အထိ (၃၀၀၀၀၀)ကျပ်ကုန်ကျပြီး အထွက်နှုန်းအနေဖြင့် (၃၅)တင်းထွက်ရှိခဲ့ပြီး ပြောင်းတစ်တင်းလျှင် (၂၂၀၀၀)ကျပ်ဖြင့် ရောင်းချရသဖြင့် အကျိုးအမြတ်မှာ (၄၀၀၀၀၀)ကျပ်ခန့်ရရှိကြောင်း၊ နှံစားပြောင်းဖြတ်ပြီး ကျန်ရှိသောပြောင်းရိုးကိုရောင်းချပါက တစ်ဧကလျှင် (၁၀၀၀၀၀)ကျပ်ရောင်းရကြောင်း၊ နွားစာကျွေးမွေးရန်အတွက် လာရောက်ဝယ်ယူသူများလည်းရှိသဖြင့် ပြောင်းရိုးရောင်းချမှုဖြင့် မျိုးဖိုးပြန်လည်ရကြောင်း၊ နှံစားပြောင်းစိုက်ပျိုးမှုတွင် ကုန်ကျစရိတ်သက်သာပြီး အကျိုးအမြတ်များရရှိသဖြင့် နှံစားပြောင်းသီးနှံကို တိုးချဲ့စိုက်ပျိုးသင့်ပါကြောင်း ရေးသားတင်ပြအပ်ပါသည်။
DOCA(မန္တလေး)