ကသာမြို့တွင် စက်တင်ဘာလ တတိယအပတ်အတွင်း ဖြစ်ပေါ်လျက်ရှိသော အခြေခံစားသောက်ကုန်ဈေးနှုန်းများ

Powered by Drupal

   ကသာမြို့နယ်အတွင်း ၂၀၂၃ခုနှစ်၊ စက်တင်ဘာလ တတိယအပတ်အတွင်း  ဈေးကွက်အသီးသီး၌ ရောင်းချလျက်ရှိသော ဆန်ဈေးနှုန်းများမှာ ရွှေဘိုပေါ်ဆန်းတစ်အိတ်လျှင် (၁၄၃၀၀၀)ကျပ်၊ ဧရာမင်းဆန်တစ်အိတ်လျှင် (၁၂၀၀၀၀)ကျပ်နှင့် ဧည့်မထ(ဆင်း-၃) တစ်အိတ်လျှင် (၉၀၀၀၀)ကျပ်တို့ဖြင့် ရောင်းချလျက်ရှိပြီး စားသုံးဆီဈေးနှုန်းမှာ မြေပဲဆီတစ်ပိဿာလျှင် (၁၅၀၀၀)ကျပ်၊ နှမ်းဆီတစ်ပိဿာလျှင် (၁၅၀၀၀)ကျပ်ရှိကြောင်းသိရသည်။ စက်တင်ဘာလ ဒုတိယအပတ်ရှိ ဈေးနှုန်းများနှင့်နှိုင်းယှဉ်ကြည့်ပါက စားသုံးဆီဈေးနှုန်းများမှာ တည်ငြိမ်လျက်ရှိပြီး ဆန်ဈေးနှုန်းများမှာ ရွှေဘိုပေါ်ဆန်းတစ်အိတ်လျှင် (၁၃၀၀၀)ကျပ်ခန့်၊ ဧရာမင်းတစ်အိတ်လျှင် (၁၀၀၀၀)ကျပ်ခန့်နှင့် ဧည့်မထ(ဆင်း-၃)တစ်အိတ်လျှင် (၅၀၀၀)ကျပ်ခန့်မြှင့်တက်လာသည်ကိုသိရှိရပါသည်။

  စားဖိုဆောင်သီးနှံလက်လီဈေးနှုန်းများမှာ ကြက်သွန်နီ (အသစ်) အလုံးအသေး/ အကြီးပေါ်မူတည်၍ တစ်ပိဿာလျှင် (၃၇၀၀-၄၂၀၀)ကျပ်၊ ကြက်သွန်ဖြူ(ရှမ်း)တစ်ပိဿာလျှင် (၁၂၀၀၀) ကျပ်၊ အာလူးတစ်ပိဿာလျှင် (၃၅၀၀)ကျပ်၊ ခရမ်းချဉ်သီးတစ်ပိဿာလျှင် အလုံးအသေး/ အကြီးပေါ်မူတည်၍ (၃၅၀၀-၃၈၀၀)ကျပ်၊ ချင်းတစ်ပိဿာလျှင် (၁၀၀၀၀) ကျပ်၊ ကုလားပဲတစ်ပိဿာလျှင် (၆၈၀၀)ကျပ်၊ ပဲနီလေးတစ်ပိဿာလျှင် (၈၀၀၀)ကျပ်၊ ငရုတ်သီးခြောက်(ပု) တစ်ပိဿာလျှင် (၂၅၀၀၀) ကျပ်နှင့် ငရုတ်(စို) တစ်ပိဿာလျှင် (၅၀၀၀)ကျပ်တို့ဖြင့် ရောင်းချလျက်ရှိသည်။

     အသားငါးဈေးနှုန်းများမှာ ကြက်သား(CP) တစ်ပိဿာလျှင် (၁၀၀၀၀-၁၁၀၀၀)ကျပ်၊ ဝက်သားတစ်ပိဿာလျှင် (၂၂၀၀၀) ကျပ်၊ အမဲသားတစ်ပိဿာလျှင် (၁၆၀၀၀)ကျပ်၊ ဆိတ်သားတစ်ပိဿာလျှင် (၂၄၀၀၀) ကျပ်နှင့် ငါးကြင်းတစ်ပိဿာလျှင် (၉၀၀၀)ကျပ်၊ ကြက်ဥတစ်လုံးလျှင် အလုံးအသေး/ အကြီးပေါ်မူတည်၍ (၂၆၀/၂၈၀/၃၀၀)ကျပ်နှင့် ဘဲဥတစ်လုံးလျှင် (၃၅၀)ကျပ်တို့ဖြင့် ရောင်းချလျက်ရှိပါသည်။ အခြေခံစားသောက်ကုန်ဈေးနှုန်းများမှာ စက်တင်ဘာလ ဒုတိယအပတ်ရှိ ဈေးနှုန်းများနှင့်နှိုင်းယှဉ်ကြည့်ပါက ကြက်သွန်နီဈေးနှုန်းမှာ ကျပ်(၃၀၀)ခန့်ကျဆင်းပြီး ကြက်သွန်ဖြူနှင့် ချင်းဈေးနှုန်းမှာ ကျပ် (၂၀၀၀)ခန့်မြှင့်တက်လာကာ အသားငါးဈေးနှုန်းနှင့် ကျန်အခြေခံစားသောက်ကုန်များမှာမူ ဈေးနှုန်းတည်ငြိမ်လျက်ရှိကြောင်းသိရှိရပါသည်။

DOCA(စစ်ကိုင်း)