မင်းလှမြို့နယ်တွင် ၂၀၂၃ခုနှစ်၊ စက်တင်ဘာလ ပထမပတ် ၌ ဆင်းသုခ၊ မနောသုခ စပါး ၄၆ ပေါင်တင်း ၁၀၀ လျှင် ၁၆၅၆၀၀၀/ကျပ် ၊ ရတနာတိုး စပါး ၄၆ ပေါင် စပါး တင်း ၁၀၀လျှင် ၁၇၄၈၀၀၀/ကျပ် ၊ ဆင်းသုခ၊ မနောသုခ ဆန်ထိပ်စ တစ်အိတ်လျှင် ၇၃၀၀၀/ကျပ်၊ ရတနာတိုး ဆန်တစ်အိတ်လျှင် ၇၅၀၀၀/ကျပ်၊ စက်တင်ဘာလ(ဒုတိယပတ်)နှင့် (တတိယပတ်)တွင် ဈေးမြင့်တက်မှုမရှိဘဲ ပုံမှန်အရောင်းအဝယ်ရှိနေကြောင်း သိရှိရပါသည်။
မတ်ပဲဈေးကွက်အနေဖြင့် စက်တင်ဘာလ(ပထမပတ်)တွင် ပိဿာ ၂၀ တစ်တင်းလျှင် ၈၇၃၀၀/ကျပ်ရှိခဲ့ပြီး စက်တင်ဘာလ(ဒုတိယပတ်)နှင့် (တတိယပတ်)တို့တွင် ၇၇၈၀၀/ ကျပ်ဈေးနှုန်း ခန့်သာရှိခဲ့သဖြင့် ၉၅၀၀/ ကျပ်ခန့် ဈေးနှုန်းကျဆင်းသွားခဲ့ကြောင်း မတ်ပဲရောင်း/ ဝယ်နေသူကုန်သည်တစ်ဦးထံမှ သိရှိရပါသည်။
DOCA(ပဲခူး)