မကွေးတိုင်းဒေသကြီး၊ စလင်းမြို့ မြို့မဈေး၌ ပုံမှန်ရောင်းချနေသော ကြက်သား၊ ဝက်သား၊ အမဲသားများအပြင် ပွင့်ဖြူ၊ ဆင်ဖြူကျွန်းမြို့များမှ စိုက်ပျိုးထွက်ရှိသော ဟင်းသီးဟင်းရွက်အမျိုးမျိုးနှင့် ရှမ်းပြည်နယ်မှ ဟင်းသီးဟင်းရွက်သစ်သီးဝလံများလည်း ဝင်ရောက်လျက်ရှိပြီး ဒေသအလိုက်ပစ္စည်းအမျိုးအစားအလိုက် ပုံမှန်အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။
၂၀၂၃ခုနှစ်၊ စက်တင်ဘာလ (တတိယပတ်)အတွင်း ရောင်းချလျက်ရှိသော စားဖိုဆောင်သုံးကုန်ဈေးနှုန်းများမှာ ကြက်သွန်နီ (၁)ပိဿာလျှင် ကျပ်(၄၅၀၀)၊ ငရုတ်သီးမှုန့် (၁)ပိဿာလျှင် ကျပ်(၁၈၀၀၀)၊ အိုင်အိုဒင်းဆား (၁)ပိဿာလျှင် ကျပ်(၈၀၀)၊ အာလူး (၁)ပိဿာလျှင် ကျပ်(၃၂၀၀)၊ ငရုတ်သီးစိမ်း (၁)ပိဿာလျှင် ကျပ်(၄၀၀၀)၊ ခရမ်းချဉ်သီး (၁)ပိဿာလျှင် ကျပ်(၂၀၀၀)၊ ခရမ်းသီး (၁)ပိဿာလျှင် ကျပ်(၂၆၀၀)၊ မန်ကျည်းသီးမှည့် (၁)ပိဿာလျှင် ကျပ်(၄၅၀၀)၊ ကြက်ဟင်းခါးသီး (၁)ပိဿာလျှင် ကျပ်(၂၈၀၀)၊ ရွှေဖရုံသီး (၁) လုံးလျှင် ကျပ်(၁၂၀၀)၊ ကြက်သား(CP) (၁)ပိဿာလျှင် ကျပ်(၁၂၀၀၀)၊ ကြက်သား(ဗမာ) (၁)ပိဿာလျှင် ကျပ်(၁၄၀၀၀)၊ ဝက်သား (၁)ပိဿာလျှင် ကျပ်(၁၄၀၀၀)၊ အမဲသား (၁)ပိဿာလျှင် ကျပ်(၁၄၀၀၀)၊ ငါးကြင်း (၁)ပိဿာလျှင် ကျပ်(၂၀၀၀၀)၊ ငါးမြင်းအကောင်ပေါက် (၁)ပိဿာလျှင် ကျပ်(၁၆၀၀၀)၊ ငါးဇင်ရိုင်း (၁)ပိဿာ လျှင် ကျပ်(၁၆၀၀၀)တို့ဖြင့် အသီးသီးအရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။
DOCA(မကွေး)