စစ်ကိုင်းတိုင်းဒေသကြီးသည် ဆန်ပိုဒေသများဖြစ်သော ကလေး၊ ကသာ၊ ကန့်ဘလူ၊ ရွှေဘိုနှင့် ရေဦးခရိုင်၊ မုံရွာခရိုင်နှင့် ကန့်ဘလူခရိုင်တို့တွင် စပါး/ဆန်ဈေးနှုန်းများအနည်းငယ်ကျဆင်းနေပြီး ကသာခရိုင်တွင် ဈေးအနည်းငယ်တက်နေပါကြောင်းသိရှိရပါသည်။
စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ၂၀၂၃ခုနှစ်၊ စက်တင်ဘာလ(တတိယပတ်)တွင် ဖြစ်ပေါ်နေသောစပါး/ဆန်ဈေးနှုန်းများမှာ ရွှေဘိုခရိုင်၊ ရွှေဘိုမြို့နယ်မှ ရွှေဘိုပေါ်ဆန်း(စပါး) တင်း၁၀၀လျှင် ကျပ်၃,၇၀၀,၀၀၀၊ ပေါ်ဆန်း (ဆန်) ၂၄ပြည်ပါ တစ်အိတ်လျှင် ၁၂၅,၀၀၀ကျပ်၊ ဧရာမင်း (ဆန်) ၂၄ပြည်ပါ တစ်အိတ်လျှင် ၁၃၀,၀၀၀ကျပ်၊ နွေစပါး(ရွှေဝါထွန်း) စပါးတင်း(၁၀၀)လျှင် ကျပ်၁,၉၀၀,၀၀၀၊ နွေစပါး(ရွှေဝါထွန်း) (ဆန်) ၂၄ပြည်ပါ တစ်အိတ်လျှင် ကျပ်၈၀,၀၀၀ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်းသိရပါသည်။
ရေဦးခရိုင်၊ ရေဦးမြို့နယ်တွင် ပေါ်ဆန်း (စပါး)တင်း၁၀၀လျှင် ကျပ်၃,၇၀၀,၀၀၀၊ ပေါ်ဆန်း (ဆန်) တစ်အိတ်လျှင် ကျပ်၁၂၅,၀၀၀၊ ဧရာမင်း(ဆန်)၂၄ပြည်ပါ တစ်အိတ်လျှင် ၁၃၀,၀၀၀ကျပ်၊ နွေစပါး (ရွှေဝါ ထွန်း) စပါးတင်း(၁၀၀)လျှင် ကျပ်၁,၉၀၀,၀၀၀နှင့် နွေစပါး (ရွှေဝါထွန်း) (ဆန်) ၂၄ပြည်ပါ တစ်အိတ်လျှင် ကျပ်၈၀,၀၀၀တို့ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်းသိရပါသည်။
ကလေးခရိုင်၊ ကလေးမြို့နယ်တွင် ဧည့်မထ(စပါး) တင်း၁၀၀လျှင် ကျပ်၃,၂၀၀,၀၀၀၊ ဧည့်မထ (ဆန်) ၂၄ပြည်ပါ တစ်အိတ်လျှင် ကျပ်၁၁၀,၀၀၀၊ ငစိန်(စပါး)တင်း၁၀၀လျှင် ကျပ်၃,၁၀၀,၀၀၀၊ ငစိန် (ဆန်)၂၄ပြည်ပါ တစ်အိတ်လျှင် ကျပ်၁၀၀,၀၀၀၊ ဧရာမင်း(စပါး) တင်း၁၀၀လျှင် ကျပ်၃,၅၀၀,၀၀၀၊ ဧရာမင်း(ဆန်)၂၄ပြည်ပါ တစ်အိတ်လျှင် ကျပ်၁၂၀,၀၀၀၊ နွေစပါး(ဒေသမျိုး)(စပါး) တင်း၁၀၀လျှင် ကျပ်၁,၁၀၀,၀၀၀၊ နွေစပါး (ဒေသမျိုး)(ဆန်)၂၄ပြည်ပါ တစ်အိတ်လျှင် ကျပ်၈၅,၀၀၀ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်းသိရပါသည်။
ကသာခရိုင်၊ အင်းတော်မြို့နယ်တွင် မှော်ဘီ(၂)(စပါး) တင်း၁၀၀လျှင် ကျပ်၂,၀၀၀,၀၀၀၊ မှော် ဘီ(၂) ဆန် ၂၄ပြည်ပါ တစ်အိတ်လျှင် ကျပ်၈၅,၀၀၀၊ ဆင်းဧကရီ(၃)(စပါး) တင်း၁၀၀လျှင် ကျပ်၂,၁၅၀,၀၀၀၊ ဆင်းဧကရီ-၃ ဆန် ၂၄ပြည်ပါ တစ်အိတ်လျှင် ကျပ်၈၇,၀၀၀၊ ဧရာမင်း (စပါး)တင်း၁၀၀လျှင် ကျပ်၂,၄၅၀,၀၀၀၊ ဧရာမင်း(ဆန်) ၂၄ပြည်ပါ ဆန်တစ်အိတ်လျှင် ကျပ်၁၂၀,၀၀၀၊ နွေစပါး(ဆင်း-၃)(စပါး) တင်း၁၀၀လျှင် ကျပ်၁,၃၀၀,၀၀၀၊ နွေစပါး (ဆင်း-၃)(ဆန်)၂၄ပြည်ပါ တစ်အိတ်လျှင် ကျပ်၆၅,၀၀၀ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်းသိရပါသည်။
မုံရွာခရိုင်၊ မုံရွာမြို့တွင် ဧရာမင်း(စပါး)တင်း၁၀၀လျှင် ကျပ်၃,၀၀၀,၀၀၀၊ ဧရာမင်း (ဆန်) ၂၄ပြည်ပါ တစ်အိတ်လျှင် ကျပ်၁၂၅,၀၀၀၊ ပေါ်ဆန်း (စပါး) တင်း၁၀၀လျှင် ကျပ်၃,၂၀၀,၀၀၀၊ ပေါ်ဆန်း (ဆန်) ၂၄ပြည်ပါ တစ်အိတ်လျှင် ကျပ်၁၂၅,၀၀၀၊ မနောသုခ(စပါး) တင်း၁၀၀လျှင် ကျပ်၁,၉၀၀,၀၀၀၊ မနောသုခ (ဆန်)၂၄ပြည်ပါ တစ်အိတ်လျှင် ကျပ်၈၅,၀၀၀ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်းသိရပါသည်။
ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့တွင် ဧရာမင်း(စပါး)တင်း၁၀၀လျှင် ကျပ်၃,၀၀၀,၀၀၀၊ ဧရာမင်း (ဆန်)၂၄ပြည်ပါ တစ်အိတ်လျှင် ကျပ်၁၃၀,၀၀၀၊ ပေါ်ဆန်း(စပါး) တင်း၁၀၀လျှင် ကျပ်၃,၅၀၀,၀၀၀၊ ပေါ်ဆန်း (ဆန်)၂၄ပြည်ပါ တစ်အိတ်လျှင် ကျပ်၁၂၄,၀၀၀၊ နွေစပါး ရွှေဝါထွန်း (စပါး)တင်း၁၀၀လျှင် ကျပ်၁,၈၀၀,၀၀၀၊ ရွှေဝါထွန်း (ဆန်) ၂၄ပြည်ပါ တစ်အိတ်လျှင် ကျပ်၇၈,၀၀၀ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်းသိရပါသည်။
စက်တင်ဘာလ(ဒုတိယပတ်)တွင် စစ်ကိုင်းတိုင်းဒေသကြီးမှ အခြားတိုင်းဒေသကြီးများသို့ ဆန်စီးထွက်မှုမှာ ရန်ကုန်သို့ အိတ်ရေ ၁၇,၅၀၀အိတ်၊ မန္တလေးသို့ အိတ်ရေ ၂၉,၆၀၀အိတ်၊ မကွေးသို့ အိတ်ရေ ၆၀၀အိတ်၊ နေပြည်တော်သို့ အိတ်ရေ ၆,၀၀၀အိတ်၊ ရှမ်း (တောင်)သို့ အိတ်ရေ ၄,၅၀၀အိတ်၊ ရှမ်း(မြောက်) သို့ အိတ်ရေ ၄,၅၀၀အိတ်၊ စုစုပေါင်းအိတ်ရေ (၆၂,၇၀၀)အိတ်၊ တန်အားဖြင့် (၃,၁၃၅) တန်စီးထွက်ခဲ့ပြီး စက်တင်ဘာလ (တတိယပတ်) တွင် စစ်ကိုင်းတိုင်းဒေသကြီးမှ အခြားတိုင်းဒေသကြီးများသို့ ဆန်စီးထွက်မှုမှာ ရန်ကုန်သို့ အိတ်ရေ ၁၅,၀၀၀အိတ်၊ မန္တလေးသို့ အိတ်ရေ ၁၈,၆၀၀အိတ်၊ မကွေးသို့ အိတ်ရေ ၁,၀၀၀အိတ်၊ နေပြည်တော်သို့ အိတ်ရေ ၆,၅၀၀အိတ်၊ ရှမ်း (တောင်)သို့ အိတ်ရေ ၅,၀၀၀အိတ်၊ ရှမ်း(မြောက်) သို့ အိတ်ရေ ၅,၀၀၀အိတ်၊ ကချင်သို့ အိတ်ရေ (၅၀၀)အိတ်၊ စုစုပေါင်းအိတ်ရေ (၅၁,၆၀၀) အိတ်၊ တန်အားဖြင့် (၂,၅၈၀) တန်စီးထွက်ခဲ့သည့်အတွက် ယခင်အပတ်နှင့်နှိုင်းယှဉ်လျှင် ယခုအပတ်တွင် အိတ်ရေ (၁၁,၁၀၀)အိတ်၊ တန်အားဖြင့် (၅၅၅) တန်လျော့နည်းစီးထွက်ခဲ့ပါကြောင်းသိရှိရပါသည်။
DOCA(စစ်ကိုင်း)