ရွှေဘိုမြို့၌ စားသုံးဆီဈေးများ အနည်းငယ်မြင့်တက်

Powered by Drupal

   စီးပွား‌‌ရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများအပြင် အခြေခံစားကုန်ဈေးနှုန်းများကို အပတ်စဉ် မေးမြန်းတင်ပြလျက်ရှိရာ ၂၀၂၃ခုနှစ်၊ စက်တင်ဘာလ တတိယအပတ်တွင် ရွှေဘိုမြို့၌ စားအုန်းဆီဈေးနှုန်းများ အနည်းငယ်မြင့်တက်လျက်ရှိကြောင်း စားသုံးဆီအရောင်းဆိုင်များမှသိရသည်။

    ရွှေဘိုမြို့ပေါ်တွင် စားသုံးဆီ လက်လီ/လက်ကားရောင်းချသောဆိုင် (၁၂)ဆိုင်ရှိပြီး စက်တင်ဘာလ ဒုတိယအပတ်တွင် စားအုန်းဆီတစ်ပိဿာလျှင် (၄၇၀၀)ကျပ်၊ ပဲဆီသန့်တစ်ပိဿာလျှင် (၁၅၀၀၀)ကျပ်၊ နှမ်းဆီသန့်တစ်ပိဿာလျှင် (၁၅၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပြီး စက်တင်ဘာလ တတိယအပတ်တွင် စားအုန်းဆီတစ်ပိဿာလျှင် (၅၀၀၀)ကျပ်၊ ပဲဆီသန့်တစ်ပိဿာလျှင် (၁၅၀၀၀)ကျပ်၊ နှမ်းဆီသန့်တစ်ပိဿာလျှင် (၁၅၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်နေသောကြောင့် ယခင်အပတ်နှင့် ယခုအပတ်တို့တွင် ဖြစ်ပေါ်နေသောစားသုံးဆီတစ်ပိဿာဈေးနှုန်းတို့ကိုနှိုင်းယှဉ်ကြည့်ပါက စားအုန်းဆီတစ်ပိဿာလျှင် (၃၀၀)ကျပ်ဈေးနှုန်းမြင့်တက်ခဲ့ပြီး ပဲဆီသန့်နှင့် နှမ်းဆီသန့်ဈေးနှုန်းမှာ ယခင်အပတ်နည်းတူ ဈေးနှုန်းတည်ငြိမ်လျက်ရှိကြောင်း စားသုံးဆီ လက်ကားအရောင်းဆိုင်များမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)