ဗန်းမော်ခရိုင်ဦးစီးမှူးရုံး၌ စီးပွားရေးလုပ်ငန်းရှင်နှင့် တွေ့ဆုံဆွေးနွေး

Powered by Drupal

     ကချင်ပြည်နယ်၊   စားသုံးသူရေးရာဦးစီးဌာန၊      ဗန်းမော်ခရိုင်ဦးစီးမှူးရုံးမှ     ခရိုင်ဦးစီးမှူး ဦးအောင်ကျော်ဦးသည် ၁၂.၉.၂၀၂၃ ရက်နေ့တွင်  ဗန်းမော်ခရိုင်  ဦးစီးမှူးရုံး၌ စားသုံးဆီ ဖြန့်ဖြူးရောင်းချသော စီးပွားရေးလုပ်ငန်းရှင်(၂)ဦးနှင့်တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

    ထိုသို့ဆွေးနွေးရာတွင် ခရိုင်ဦးစီးမှူးက စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ ပါ စီးပွားရေး လုပ်ငန်းရှင်၏တာဝန်များ၊ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍  ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ချက်နှင့်အညီ သိသာထင်ရှားစွာဖော်ပြရမည့်အချက်များ၊ ကုန်အညွှန်းအမှတ်အသားဖော်ပြချက်နှင့် စပ်လျဉ်း၍ စားသုံးဆီဖြန့်ဖြူးရောင်းချရာတွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ညွှန်ကြားချက်အမှတ်(၁/၂၀၂၁) ကို တိတိကျကျလိုက်နာ ဆောင်ရွက်သွားရန် ၊စီးပွားရေးလုပ်ငန်းရှင်သည် ကုန်စည်နှင့်စပ်လျဥ်း၍ စားသုံးသူလက်ခံသုံးစွဲနိုင်သောအရည်အသွေးရှိခြင်း၊ ကုန်စည်၏အရည်အသွေး၊ အချိန်အတွယ်ပမာဏနှင့်အလေးချိန်မှန်ကန်မှုရှိခြင်း၊ ဘေးအန္တရာယ်ကင်းရှင်းစေခြင်း၊ သုံးစွဲသူ၏လိုအပ်ချက်အတွက်  သင့်လျော်မှုရှိခြင်းစသည့်အာမခံချက်များကို ပေးအပ်ရမည်ဖြစ်ကြောင်း ရှင်းလင်းဆွေးနွေးပြောကြားခဲ့ပြီး စားသုံသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ပါသည်။

DOCA(ကချင်)