စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြော

Powered by Drupal

     ကချင်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ ဗန်းမော်ခရိုင်ဦးစီးမှူးရုံးမှ ဒေါ်နှောင်းနှောင်းဝင်း ဒု-ဦးစီးမှူးသည် ၂၀.၉.၂၀၂၃ ရက်နေ့တွင် ဗန်းမော်မြို့၊ ခိုကျင်ကျေးရွာ၊ အခြေခံပညာမူလတန်းလွန် ကျောင်းတွင် စားသုံးသူပြည်သူ (၃၆)ဦး အား စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောပွဲ ပြုလုပ်ဆောင်ရွက်ခဲ့ပါသည်။

   အဆိုပါဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာန၏ ရည်မှန်းချက်၊ မျှော်မှန်းချက်များ ၊ မိမိဌာနမှ ယခုလက်ရှိဆောင်ရွက်နေသောလုပ်ငန်းများ၊ စားသုံးသူကာကွယ်ရေးပေါ်ပေါက်လာပုံ၊ စားသုံးသူ၏အဓိပ္ပာယ်ဖွင့်ဆိုချက်၊ စားသုံးသူအခွင့်အရေးနှင့်တာဝန်များ၊ စားသုံးသူပြည်သူများအား ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှန်ကန်မှုရှိသောအစားအသောက်များကိုသာ ဝယ်ယူစားသောက်ကြရန်၊ စားသုံးသူများနစ်နာဆုံးရှုံးမှုများရှိခဲ့လျှင် တိုင်ကြားနိုင်ရန်စားသုံးသူသတင်းပြန်ကြားရေးနှင့် တိုင်ကြားမှုလက်ခံဆောင်ရွက်ရေးစင်တာ(CICC) တွင် တိုင်ကြားနိုင်ကြောင်း၊ Doca Myanmar application တွင်လည်းကောင်း၊ Consumer Call Center ဖွင့်လှစ်ထားသည့် ၁၅၃၅ တွင် တိုင်ကြား နိုင်ပါကြောင်း ရှင်းလင်းဟောပြောဆွေးနွေးခဲ့ပါသည်။ တက်ရောက်လာသည့် စားသုံးသူပြည်သူများမှ သိရှိလိုသည်များကို မေးမြန်းခဲ့ရာ ပြန်လည်ဖြေကြားခဲ့ပြီး အသိပညာပေးလက်ကမ်းစာစောင်ဖြန့်ဝေခဲ့ပါသည်။

DOCA(ကချင်)