မုံရွာကုန်စည်ဒိုင်၏ ပဲမျိုးစုံ၊ အစေ့ထုတ်ပြောင်း၊ မြေပဲသီးနှံနှင့် နှမ်းမျိုးစုံတို့၏ ဈေးနှုန်း ပြောင်းလဲမှုအခြေအနေ

Powered by Drupal

   မုံရွာကုန်စည်ဒိုင်တွင် ပဲအမျိုးအစားအလိုက် ဈေးနှုန်းများမှာ ယခင်နှစ်ကာလတူဈေးထက် ယခုနှစ် ပဲမျိုးစုံ၊ အစေ့ထုတ်ပြောင်းနှင့် နှမ်းမျိုးစုံဈေးနှုန်းများ ဈေးပိုကောင်းလျက်ရှိသော်လည်း စွန်တာနီ/ပြာပဲမှာ ယခင်နှစ်ကထက် အနည်းငယ်ဈေးကျနေပါကြောင်း မုံရွာကုန်စည်ဒိုင်ဈေးနှုန်းသတင်းများအရ သိရသည်။

မတ်ပဲ

   မုံရွာကုန်စည်ဒိုင်၌ ၂၀၂၂ခုနှစ်၊ စက်တင်ဘာလ၊ (တတိယပတ်)တွင် ပဲတစ်တင်းလျှင် ကျပ် ၆၅၀၀၀ ဖြစ်ခဲ့ပြီး ၂၀၂၃ခုနှစ်၊ စက်တင်ဘာလ၊ (တတိယပတ်)တွင် ပဲတစ်တင်းလျှင် ကျပ်၈၀၀၀၀ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ကာ တစ်တင်းလျှင် ကျပ်တစ်သောင်းခွဲပိုမိုခဲ့သည်။ တစ်ရက်လျှင် အိတ်ရေ၁၀အိတ်မှ ၁၂အိတ်ခန့်အရောင်းအဝယ်ဖြစ်ကြောင်းသိရသည်။

ပဲစဉ်းငုံ

     မုံရွာကုန်စည်ဒိုင်၌ ယခင်နှစ် စက်တင်ဘာလ၊ (တတိယပတ်)တွင် ပဲတစ်တင်းလျှင် ကျပ်၆၈၅၀၀ဖြစ်ခဲ့ပြီး ယခုနှစ်၊ စက်တင်ဘာလ၊ (တတိယပတ်)တွင် ပဲတစ်တင်းလျှင် ကျပ်၁၂၅၅၀၀ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ကာ တစ်တင်းလျှင် ကျပ်ခြောက်သောင်းခန့်ပိုမိုခဲ့သည်။ တစ်ရက်လျှင် အိတ်ရေ ၅အိတ်မှ ၇အိတ်ခန့် အရောင်းအဝယ်ဖြစ်ကြောင်းသိရသည်။

ပဲတီစိမ်း

      မုံရွာကုန်စည်ဒိုင်၌ ယခင်နှစ် စက်တင်ဘာလ၊ (တတိယပတ်)တွင် ပဲတစ်တင်းလျှင် ကျပ်၅၁၀၀၀ဖြစ်ခဲ့ပြီး ယခုနှစ်၊ စက်တင်ဘာလ (တတိယပတ်)တွင် ပဲတစ်တင်းလျှင် ကျပ် ၅၆၀၀၀ ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ကာ တစ်တင်းလျှင် ကျပ်ငါးထောင်ပိုမိုခဲ့သည်။ တစ်ရက်လျှင် အိတ်ရေ ၁၀အိတ်မှ ၁၂အိတ်ခန့် အရောင်းအဝယ်ဖြစ်ကြောင်းသိရသည်။

ကုလားပဲ

      မုံရွာကုန်စည်ဒိုင်၌ ယခင်နှစ် စက်တင်ဘာလ၊ (တတိယပတ်)တွင် ကုလားပဲဖြူလုံးကြီးတစ်တင်းလျှင် ကျပ်၆၇၀၀၀ဖြစ်ခဲ့ပြီး ယခုနှစ်၊ စက်တင်ဘာလ၊ (တတိယပတ်)တွင် ပဲတစ်တင်းလျှင် ကျပ်၉၂၅၀၀၊ 929  တစ်တင်းလျှင် ကျပ်၆၂၀၀၀ဖြစ်ခဲ့ပြီး ယခုနှစ်၊ စက်တင်ဘာလ (တတိယပတ်)တွင် ပဲတစ်တင်းလျှင် ကျပ်၈၉၅၀၀၊ ထိုင်ဝမ်တစ်တင်းလျှင် ကျပ်၆၁၀၀၀ဖြစ်ခဲ့ပြီး ယခုနှစ်၊ စက်တင်ဘာလ (တတိယပတ်)တွင် ပဲတစ်တင်းလျှင် ကျပ်၈၈၀၀၀ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ကာ တစ်တင်းလျှင် ကျပ်နှစ်သောင်းခွဲကျော်မှ ကျပ်သုံးသောင်းခန့်ပိုမိုခဲ့သည်။ တစ်ရက်လျှင် အိတ်ရေ ၁၀အိတ်မှ ၁၅ အိတ်ခန့်အရောင်းအဝယ် ဖြစ်ကြောင်းသိရသည်။

စွန်တာနီ/ပြာ

     မုံရွာကုန်စည်ဒိုင်၌ ယခင်နှစ် စက်တင်ဘာလ၊ (တတိယပတ်)တွင် ပဲတစ်တင်းလျှင် ကျပ်၅၆၀၀၀ဖြစ်ခဲ့ပြီး ယခုနှစ်၊ စက်တင်ဘာလ (တတိယပတ်)တွင် ပဲတစ်တင်းလျှင် ကျပ်၅၁၀၀၀ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ကာ တစ်တင်းလျှင် ကျပ်ငါးထောင်ကျဆင်းခဲ့ပါသည်၊ တစ်ရက်လျှင် အိတ်ရေ ၅အိတ်မှ ၇အိတ်ခန့် အရောင်းအဝယ်ဖြစ်ကြောင်းသိရသည်။

ထောပတ်ပဲ

      မုံရွာကုန်စည်ဒိုင်၌ ယခင်နှစ် စက်တင်ဘာလ၊ (တတိယပတ်)တွင် ပဲတစ်တင်းလျှင် ကျပ်၅၄၀၀၀ဖြစ်ခဲ့ပြီး ယခုနှစ်၊ စက်တင်ဘာလ (တတိယပတ်)တွင် ပဲတစ်တင်းလျှင် ကျပ်၉၇၀၀၀ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ကာ တစ်တင်းလျှင် လေးသောင်းခွဲခန့်ပိုမိုခဲ့ပါသည်။ တစ်ရက်လျှင် အိတ်ရေ ၅အိတ်မှ ၁၀အိတ်ခန့် အရောင်းအဝယ်ဖြစ်ကြောင်းသိရသည်။

အစေ့ထုတ်ပြောင်း

     မုံရွာကုန်စည်ဒိုင်၌ ယခင်နှစ် စက်တင်ဘာလ၊ (တတိယပတ်)တွင် ပြောင်းတစ်တင်းလျှင် ကျပ်၁၇၈၀၀ဖြစ်ခဲ့ပြီး ယခုနှစ်၊ စက်တင်ဘာလ (တတိယပတ်)တွင် ပြောင်းတစ်တင်းလျှင် ကျပ်၂၁၀၀၀ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ကာ တစ်တင်းလျှင် ကျပ်သုံးထောင်ကျော်ပိုမိုခဲ့ပါသည်။ တစ်ရက်လျှင် အိတ်ရေ ၅အိတ်မှ ၇အိတ်ခန့် အရောင်းအဝယ်ဖြစ်ကြောင်းသိရသည်။

မြေပဲဆံသီးနှံ

    မုံရွာကုန်စည်ဒိုင်၌ ယခင်နှစ်၊ စက်တင်ဘာလ (တတိယပတ်)တွင် မြေပဲဆံနီတစ်ပိဿာလျှင် ကျပ်၅၈၀၀ဖြစ်ခဲ့ပြီး ယခုနှစ်၊ စက်တင်ဘာလ (တတိယပတ်)တွင် တစ်ပိဿာလျှင် ကျပ်၇၀၀၀၊ ယခင်နှစ်၊ စက်တင်ဘာလ (တတိယပတ်)တွင် မြေပဲဆံဖြူတစ်ပိဿာလျှင် ကျပ်၆၀၀၀ဖြစ်ခဲ့ပြီး ယခုနှစ်၊ စက်တင်ဘာလ (တတိယပတ်)တွင် တစ်ပိဿာလျှင် ကျပ်၆၈၀၀၊ တစ်ပိဿာလျှင် ကျပ်ရှစ်ရာ မှ တစ်ထောင်နှစ်ရာအထိပိုမိုခဲ့သည်။ တစ်ရက်လျှင် အိတ်ရေ ၁၅အိတ်မှ ၂၀အိတ်ခန့် အရောင်းအဝယ်ဖြစ်ကြောင်းသိရသည်။

နှမ်းမျိုးစုံသီးနှံ

     မုံရွာကုန်စည်ဒိုင်၌ ယခင်နှစ်၊ စက်တင်ဘာလ (တတိယပတ်)တွင် နှမ်းနက်တစ်တင်းလျှင် ကျပ်၉၅၀၀၀ဖြစ်ခဲ့ပြီး ယခုနှစ်၊ စက်တင်ဘာလ (တတိယပတ်)တွင် တစ်တင်းလျှင် ကျပ်၁၁၀၀၀၀၊ နှမ်းဖြူတစ်တင်းလျှင် ကျပ်၁၀၀၀၀၀ဖြစ်ခဲ့ပြီး ယခုနှစ်၊ စက်တင်ဘာလ (တတိယပတ်)တွင် တစ်တင်းလျှင် ကျပ်၁၁၅၀၀၀၊ နှမ်းညိုတစ်တင်းလျှင် ကျပ်၈၅၀၀၀ဖြစ်ခဲ့ပြီး ယခုနှစ်၊ စက်တင်ဘာလ (တတိယပတ်)တွင် တစ်တင်းလျှင် ကျပ်၁၀၁၀၀၀ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ကာ တစ်တင်းလျှင် ကျပ်တစ်သောင်းခွဲကျော်အထိပိုမိုခဲ့ပါသည်။ တစ်ရက်လျှင် အိတ်ရေ ၁၅အိတ်မှ ၁၇အိတ်ခန့်အရောင်းအဝယ် ဖြစ်ကြောင်း မုံရွာကုန်စည်ဒိုင်ဈေးနှုန်းများစာရင်းအရ သိရပါသည်။

DOCA(စစ်ကိုင်း)