မကွေးမြို့၊ ရန်ပယ်ဈေး၌ မြို့ပေါ်ရှိ ဈေးသည်များနှင့် ပတ်ဝန်းကျင်ကျေးရွာများဖြစ်သော ဒဟတ်ကန်ရွာ၊ ကံလှရွာ၊ ကန်ပြားရွာ၊ ထုံးပေါက်တောကျေးရွာ၊ မကြီးကန်ကျေးရွာ၊ နွားကူးကျေးရွာ၊ သန်းတောကုန်းကျေးရွာနှင့် ပုထိုးစမ်းကျေးရွာတို့မှ ရောင်းဝယ်ဖောက်ကားလျက်ရှိပါသည်။
မကွေးမြို့၊ ရန်ပယ်စျေး၌ ၂၀၂၃-ခုနှစ်၊ စက်တင်ဘာလ (တတိယပတ်)တွင် ရောင်းချလျက်ရှိသော ကုန်စျေးနှုန်းများမှာ ခရမ်းချဉ်သီး (၁)ပိဿာလျှင် ကျပ်(၁၃၀၀)၊ အာလူး (၁)ပိဿာလျှင် ကျပ် (၂၈၀၀)၊ ကြက်သွန်နီ (၁)ပိဿာလျှင် ကျပ်(၃၀၀၀မှ ၃၅၀၀)အတွင်း၊ ကြက်သွန်ဖြူ(ရှမ်း) (၁)ပိဿာလျှင် ကျပ်(၈၀၀၀)၊ ကြက်သွန်ဖြူ(ဗမာ) (၁)ပိဿာလျှင် ကျပ်(၈၀၀၀)၊ ငရုတ်သီးခြောက် (၁)ပိဿာလျှင် ကျပ် (၁၅၀၀၀)၊ ငရုတ်သီးစိမ်း (၁)ပိဿာလျှင် ကျပ်(၂၀၀၀)၊ ပဲပင်ပေါက်(၁)ပိဿာလျှင် ကျပ်(၁၂၀၀)၊ ရုံးပတီသီး (၁)ပိဿာလျှင် ကျပ်(၂၀၀၀)၊ ချင်းတက် (၁)ပိဿာလျှင် ကျပ်(၇၀၀၀)၊ မန်ကျည်းသီးမှည့် (၁)ပိဿာလျှင် ကျပ်(၃၀၀၀)၊ မျှစ်စပ် (၁)ပိဿာလျှင် ကျပ်(၂၀၀၀)၊ ကြက်သွန်မိတ် (၁)စည်းလျှင် ကျပ် (၂၀၀)၊ မုန်လာဥ (၁)စည်းလျှင် ကျပ်(၄၀၀)၊ ဆူးပုတ်ကြီးရွက် (၁)စည်းလျှင် ကျပ်(၃၀၀)၊ ကန်စွန်းရွက် (၃)စီးလျှင် ကျပ်(၂၀၀)၊ ဘူးညွှန့် (၁)စည်းလျှင် ကျပ်(၂၀၀)၊ ချဉ်ပေါင်ရွက် (၁)စည်းလျှင် ကျပ်(၁၀၀)၊ ဘူးသီး (၁)လုံးလျှင် ကျပ်(၅၀၀-၇၀၀)၊ သံပုရာသီး (၁)လုံးလျှင် ကျပ်(၁၀၀)၊ ဂေါရခါးသီး (၁)လုံးလျှင် ကျပ် (၂၀၀)၊ ဂေါ်ဖီထုပ် (၁)ထုပ်လျှင် ကျပ်(၁၃၀၀)၊ မုန်ညင်းထုပ် (၂၅)ကျပ်သားလျှင် ကျပ်(၈၀၀)၊ သခွားသီး (၁)တောင့်လျှင် ကျပ်(၇၀၀)၊ ကင်ပွန်းချဉ် (၁၀)ကျပ်သားလျှင် ကျပ်(၅၀၀)၊ ကုလားပဲခြမ်း(၁)ပြည်လျှင် ကျပ်(၇၂၀၀)၊ မြေပဲဆံ (၁)ပြည်လျှင် ကျပ်(၇၅၀၀)၊ ကြက်ဥ (၁)လုံးလျှင် ကျပ်(၂၃၀မှ ၃၀၀)အတွင်း၊ ဘဲဥ (၁)လုံးလျှင် ကျပ်(၃၈၀)တို့ဖြင့် အသီးသီးအရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း စျေးသည်များထံမှ သိရှိရပါသည်။
DOCA(မကွေး)