ညောင်တုန်းမြို့နယ်ရှိ ဧရာဝတီ ဆန်စက်လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးနှင့် ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး ကွင်းဆင်းဆောင်ရွက်

Powered by Drupal

  စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးအောင်လွင်နှင့် ဝန်ထမ်းများသည် ညောင်တုန်း ဧရာဝတီ ဆန်စက်သို့သွားရောက်၍ ၁၉.၉.၂၀၂၃ ရက်နေ့၊ (၁၀:၀၀)နာရီအချိန်တွင် ဆန်စက်လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးနှင့် ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး ကွင်းဆင်းဆောင်ရွက်ခဲ့ကြပါသည်။

     ကွင်းဆင်းစစ်ဆေးရာတွင် စားသုံးသူများ အသုံးပြုသည့် ကုန်စည်နှင့် ဝန်ဆောင်မှုများ ဘေးအန္တရာယ်ကင်းရှင်းစေရမည်ဟု မျှော်မှန်းပြီး ယခုဧရာဝတီဆန်စက်တွင် စပါးဝယ်ယူကြိတ်ခွဲမှုအခြေအနေနှင့် ကုန်သည်များမှ စပါးလာရောက်ကြိတ်ခွဲမှုလုပ်ငန်းအခြေအနေများ၊ ထွက်ရှိလာသော ဆန်ဈေးကွက် အခြေအနေများကို မေးမြန်းခဲ့ပြီး၊ ဆန်စက်လည်ပတ်မှု ဆန်စက်အဆင့်မြှင့်တင်ရေးနှင့် ဆန်စက်တွင် Gasifire သုံးစနစ်အခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)