စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးအောင်လွင်နှင့် ဝန်ထမ်းများသည် ညောင်တုန်းမြို့နယ်အတွင်း ကုန်မျိုးစုံအရောင်းဆိုင်များတွင် ရောင်းချနေသော စားသုံးဆီများအား မိတ်ဖက်အဖွဲ့များနှင့်အတူ (၂၀.၉.၂၀၂၃)ရက်နေ့၊ နံနက်(၀၉:၃၀)အချိန်တွင် ဈေးကွက် စောင့်ကြည့်စစ်ဆးခဲ့ကြပါသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ဆိုင်ရှင်များအား စစ်ဆေးသူတာဝန်ရှိသူများမှ ညောင်တုန်း မြို့နယ်အတွင်း ရောင်းချနေသော စားသုံးဆီများကို စားသုံးသူပြည်သူများအတွက် ဘေးအန္တရာယ်ကင်းရှင်းစွာ အသုံးပြုနိုင်ရန်နှင့် စားသုံးသူကာကွယ်ရေးဥပဒေပါ အခန်း(၁၈)အရ ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာ ဖော်ပြထားခြင်းရှိ/မရှိအား ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။ လုပ်ငန်းရှင်များကို ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့် စပ်လျဉ်း၍ ပြည့်စုံမှန်ကန်စွာ ဖော်ပြထားသော ကုန်စည်များကိုသာ ဦးစားပေးရောင်းချကြရန် ၊ စားသုံးသူပြည်သူများ နစ်နာဆုံးရှုံးမှု ဖြစ်စေမည့် ကုန်စည်များ၊ သက်တမ်းလွန် ကုန်စည်များအား ရောင်းချခြင်းများ ရှောင်ကြဉ်ကြရန် လုပ်ငန်းရှင်များသို့ အသိပေးပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(ဧရာဝတီ)