ပန်းတနော် မြို့တွင်ရောင်းချနေသော ကလေးအာဟာရ ဖြည့်စွက်စာ ကုန်စည်များကို ဈေးကွက်စောင့်ကြည့်စစ်ဆေး

Powered by Drupal

     စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်ဦးစီးမှူးရုံး ပန်းတနော်မြို့နယ်သို့ ခရိုင်ကိုယ်စားပြု ခရိုင်ဦးစီးမှူးဦးဇော်မင်းနှင့် ဝန်ထမ်းများသည် (၁၉.၉.၂၀၂၃) ရက်နေ့၊ (၁၁:၀၀)နာရီအချိန်က ပန်းတနော်မြို့ပေါ်ရှိ ကုန်မျိုးစုံ မုန့်မျိုးစုံအရောင်းဆိုင်တွင် ရောင်းချလျက်ရှိသော ကလေးအာဟာရမုန့်အမျိုးမျိုးကို ကုန်အညွှန်းအမှတ်အသားပါဝင်မှု ရှိ/မရှိ ကုန်စည်ဈေးကွက် စောင့်ကြည့် စစ်ဆေးခဲ့ကြပါသည်။

     ကွင်းဆင်းစစ်ဆေးရာတွင် ပန်းတနော်မြို့နယ်ရှိစတိုးဆိုင်နှင့် ကုန်မျိုးစုံ၊ မုန့်မျိုးစုံအရောင်းဆိုင်များတွင် ရောင်းချသောကလေးအာဟာရမှုန့်များတွင် ကုန်အညွှန်းအမှတ်အသား ပြည်စုံစွာဖော်ပြပါဝင်ခြင်း ရှိ/မရှိကို မိတ်ဖက်အဖွဲ့စည်းများနှင့်အတူ ကွင်းဆင်းစစ်ဆေးခဲ့ကြပါသည်။ ကုန်အညွှန်းအမှတ်အသားဖော်ပြပါဝင်သော ကုန်စည်အချို့ကိုသာ ရောင်းချနေကြောင်း စစ်ဆေးတွေ့ရှိရပြီး၊ ကုန်မျိုးစုံရောင်းချနေ သောဆိုင်ရှင်များအား စစ်ဆေးရေးတာဝန်ရှိသူမှ ဈေးကွက်အတွင်း FDA ဌာန၏ ခွင့်ပြုချက်မပါရှိသောကုန်စည်များ၊ စားသုံးသူရေးရာဦးစီးဌာန၏ ကုန်အညွှန်းအမှတ်အသားမပြည့်စုံသော ကုန်စည်များ၊ အထက်ဌာန၏ လမ်းညွှန်ချက်အရ ဈေးကွက်အတွင်း တားမြစ်ကုန်စည်များရောင်းချခြင်းမျိုး ရှိ/မရှိကိုလည်း လစဉ်ကွင်းဆင်းစစ်ဆေးလျက်ရှိသောကြောင့် လုပ်ငန်းရှင်များအနေဖြင့် မိမိတို့ရောင်းချသော ကုန်စည်များ ဘေးအန္တရာယ်ကင်းရှင်းသော ကုန်စည်များကိုသာ ရောင်းကြရန်၊ စားသုံးသူများဝယ်ယူသည့်အခါ ကုန်စည်တစ်ခုခုကြောင့် စားသုံးသူအခွင့်အရေး နစ်နာဆုံးရှုံးမှုရှိလာပါက စားသုံးသူရေးရာဦးစီးဌာနသို့ တိုင်ကြားနိုင်သည့်အတွက် စီးပွားရေးလုပ်ငန်းရှင်များမှ လုပ်ငန်းရှင်တို့၏ လိုက်နာရမည့်တာဝန်များ၊ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက် အမှတ်(၂/၂၀၁၉) လမ်းညွှန်ချက်များ၊ စားသုံးသူကာကွယ်ရေးလုပ်ငန်းစဉ်နှင့်များ ဌာန၏ ဆောင်ရွက်နေသောလုပ်ငန်းများနှင့် ပတ်သက်၍ သိရှိလိုပါက ရုံးဖွင့်ရက်ရုံးချိန်အတွင်းတွင် Consumer Call Center No 1535 သို့ ဆက်သွယ်မေးမြန်းနိုင်ကြောင်းကိုပါ အသိပေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)