ယခုအချိန်သည် ပန်းဂေါ်ဖီပေါ်သော ရာသီမဟုတ်သော်လည်း ပန်းဂေါ်ဖီကို စိုက်ပျိုးရေးသမားများက ရေလောင်းစိုက်ပျိုးကြ၍ ပဲခူးတိုင်း(အနောက်)၊ ပြည်ခရိုင်ရှိဈေးများတွင် ပန်းဂေါ်ဖီများရောင်းချလျက်ရှိပါသည်။ စိုက်ပျိုးသူများအနေဖြင့် ပန်းဂေါ်ဖီများပုံမှန်ပေါ်ချိန်မှာ ဆောင်းရာသီဖြစ်သော်လည်း ပြည်မြို့နယ်အနီးတဝိုက်ရှိကျေးရွာများဖြစ်သော မှော်ဇာနှင့် တောင်လုံးညို၊ ပုတီးကုန်းမြို့ရှိ ကျေးရွာများတွင် တစ်နိုင်တစ်ပိုင်စိုက်ပျိုးကြောင်းသိရပါသည်။ စိုက်ပျိုးထွက်ရှိသောပန်းဂေါ်ဖီများကို ပြည်မြို့ရှိဈေးကွက်များသို့တင်ပို့ရောင်းချကြောင်းသိရပါသည်။ ရာသီချိန်မဟုတ်သော်လည်း ဈေးကောင်းပေး၍ စားသုံးသူများက ဝယ်ယူစားသုံးကြသဖြင့် ဈေးမြင့်လျက်ရှိပါသည်။ ဈေးကွက်တွင်ရောင်းချသော ပန်းဂေါ်ဖီဈေးနှုန်းများမှာ အပွင့်အသေးတစ်ပွင့်လျှင် (၇၀၀-၈၀၀) ကျပ်၊ အပွင့်ကြီးတစ်ပွင့်လျှင် (၁၈၀၀-၂၀၀၀) ကျပ်ထိဈေးနှုန်းတို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်းသိရပါသည်။
DOCA(ပဲခူး)