စားအုန်းဆီသတ်မှတ်ဈေးနှုန်းထက် ပိုမိုရောင်းချမှုမရှိစေရေးနှင့် ရပ်ကွက်များ၌ စားအုန်းဆီရောင်းချပေးနေမှုအား ကွင်းဆင်းစစ်ဆေး

Powered by Drupal

မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် မကွေးတိုင်းဒေသကြီး မြို့နယ်အသီးသီးရှိ ဈေးဆိုင်များတွင် စားအုန်းဆီများ သတ်မှတ်ဈေးနှုန်းထက်ပိုမိုရောင်းမှု မရှိစေရေးအတွက် ခရိုင်/မြို့နယ် စိစစ်ဖော်ထုတ်ကြပ်မတ်ရေးအဖွဲ့ ဖွဲ့စည်းတာဝန်ပေးအပ်လာခြင်းကြောင့် (၂၂.၉.၂၀၂၃) ရက်နေ့ နံနက်(၀၉:၀၀)နာရီအချိန်တွင် မင်းဘူးခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး၊ စားသုံးသူရေးရာဦးစီးဌာန မင်းဘူးခရိုင်ဦးစီးမှူး၊ မြို့နယ်ရဲတပ်ဖွဲ့မှူး၊ မြို့နယ်စည်ပင်သာယာရေး အဖွဲ့ အမှုဆောင်အရာရှိတို့ပါဝင်သော ပူးပေါင်းအဖွဲ့များဖြင့် မင်းဘူးမြို့ရှိ စားသုံးဆီ လက်လီ/ လက်ကား ဖြန့်ဖြူးရောင်းချနေသော ငွေစံပယ်ဆီစက်အရောင်းဆိုင်၌ လက်လီရောင်းချသည့် ဈေနှုန်း၊ လက်ကားဖြန့်ဖြူးသည့်ဈေးနှုန်းများသည် သတ်မှတ်ဈေးနှုန်းထက် ပိုမိုရောင်းချမှုရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

 မကွေးတိုင်းဒေသကြီး၊ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း၏ကူညီပံ့ပိုးမှုဖြင့် ပြည်သူ များအား စားအုန်းဆီ (၁)ပိဿာလျှင် ကျပ်(၅၀၀၀)ဖြင့် မင်းဘူးမြို့ အမှတ်(၁)၊ အမှတ်(၂)၊ အမှတ် (၃)၊ အမှတ်(၄)ရပ်ကွက်နှင့် မင်းဘူးမြို့နယ်အနီး ကျေးရွာများမှ စားသုံးသူပြည်သူ အိမ်ထောင်စု (၁၁၀၀)စုအတွက် ဆီ(၅၅၀)ပိဿာ ရောင်းချပေးနေမှုအား အလေးချိန် ပြည့်ဝမှန်ကန်မှု ရှိစေရေး၊ ရောင်းချရာတွင် စနစ်တကျရှိစေရေးတို့ကို ကွင်းဆင်းကြီးကြပ်ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)