မင်းဘူးမြို့ရှိ မင်းဘူးစတားစက်သုံးဆီအရောင်းဆိုင်အား ကွင်းဆင်းစစ်ဆေး

Powered by Drupal

မြန်မာနိုင်ငံ စက်သုံးဆီ တင်သွင်း၊ သိုလှောင်၊ ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီ အနေဖြင့် တိုင်းဒေသကြီး/ပြည်နယ်အလိုက်မြို့ကြီးများ၏ စက်သုံးဆီလက်ကား ရည်ညွှန်းဈေးနှုန်း များကို နေ့စဉ် ထုတ်ပြန်ပေးလျက်ရှိပါသည်။

မင်းဘူးမြို့နယ်တွင် စက်သုံးဆီအရောင်းဆိုင်(၁၆)ဆိုင်ရှိရာ ဆိုင်များအားလုံးမှာ ပုံမှန်ဖွင့်လှစ် ရောင်းချပေးလျက်ရှိပြီး (၂၁.၉.၂၀၂၃)ရက်နေ့ နံနက်(၀၉:၀၀)နာရီ အချိန်တွင် စားသုံးသူရေးရာဦး စီးဌာန မင်းဘူးခရိုင်ဦးစီးမှူး ဒေါ်စုစုထွန်း(လ/ထညွှန်ကြားရေးမှူး)နှင့် ဝန်ထမ်းများသည် မင်းဘူး-ဆင်ဖြူကျွန်းလမ်းပေါ်ရှိ မင်းဘူးစတားစက်သုံးဆီအရောင်းဆိုင်သို့ သွားရောက်၍ စက်သုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီက ထုတ်ပြန်ထားသော စက်သုံးဆီ လက်ကား ရည်ညွှန်းဈေးနှုန်းများအတိုင်း ရောင်းချမှုရှိ/မရှိကို ရှောင်တခင်ကွင်းဆင်း စစ်ဆေး ခဲ့ပါသည်။ (၂၁.၉.၂၀၂၃)ရက်နေ့တွင် ရောင်းချနေသော စက်သုံးဆီဈေးနှုန်းများမှာ ဒီဇယ်(ရိုးရိုး) (၁)လီတာလျှင် ကျပ်(၂၅၉၅)၊ ဒီဇယ်(ပရီမီယမ်) (၁)လီတာလျှင် ကျပ်(၂၆၇၅)၊ (92) (၁)လီတာလျှင် ကျပ်(၂၃၃၅)၊ (95)(၁)လီတာလျှင် ကျပ်(၂၄၄၀)တို့ဖြင့် အသီးသီးရောင်းချလျက်ရှိကြောင်း ကွင်းဆင်း လေ့လာသိရှိရပါသည်။

DOCA(မကွေး)