ပဲခူးစက်သုံးဆီဈေးနှုန်းများကျဆင်းလာ

Powered by Drupal

       ပဲခူးတိုင်းဒေသကြီးအတွင်း မြို့နယ်များတွင် စက်သုံးဆီအရောင်းဆိုင်များ၊ ကုမ္ပဏီများ ဖွင့်လှစ်၍ ရောင်းချလျှက်ရှိရာ စက်သုံးဆီဈေးနှုန်းအနေဖြင့် နိုဝင်ဘာဒုတိယပတ်တွင် စက်သုံးဆီ တစ်ဂါလံလျှင် ပရီမီယံဒီဇယ် (၆၂၇၅)ကျပ်၊ ရိုးရိုးဒီဇယ် (၆၂၃၀)ကျပ်၊ ဓာတ်ဆီ 92 (၆၅၇၀)ကျပ်၊ ဓာတ်ဆီ 95 (၇၀၀၀)ကျပ် အသီးသီးဖြစ်ခဲ့ပြီး ယခု ဒီဇင်ဘာလ ဒုတိယပတ်တွင် ပရီမီယံဒီဇယ် (၅၉၁၀)ကျပ်၊ ရိုးရိုးဒီဇယ် (၅၈၄၀)ကျပ်၊ ဓာတ်ဆီ 92 (၅၉၅၅)ကျပ် ၊ ဓာတ်ဆီ 95 (၆၄၁၀)ကျပ် အသီးသီးဖြစ်ပေါ်ခဲ့ရာမှ တစ်ဂါလံလျှင် ပရီမီယံဒီဇယ် (၃၆၅)ကျပ်၊ ရိုးရိုးဒီဇယ် (၃၉၀)ကျပ် ၊ ဓာတ်ဆီ 92 (၆၁၅)ကျပ်၊ ဓာတ်ဆီ 95 (၅၉၀)ကျပ် အသီးသီး ဈေးနှုန်းကျဆင်းခဲ့ကြောင်း လေ့လာသိရှိခဲ့ရပါသည်။

         ယခုကဲသို့ဈေးနှုန်းများ ပြန်လည်ကျဆင်းလာရခြင်းမှာ ဗဟိုဘဏ်မှ ရောင်းချပေးသည့် အမေရိကန်ဒေါ်လာဖြင့် ပြည်ပမှတင်သွင်းသည့် စက်သုံးဆီများအား စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံ စက်သုံးဆီ တင်သွင်းဖြန့်ဖြူးရောင်းချရေးအသင်းတို့ ပူးပေါင်း အစီအစဉ်ဖြင့် သက်သာသော အထူးဈေးနှုန်းဖြင့် ရောင်းချပေးခဲ့ခြင်းကြောင့် ယခုကဲ့သို့ စက်သုံးဆီ ဈေးနှုန်းများ ကျဆင်းလာခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါသည်။ ပဲခူးတိုင်းဒေသကြီးအတွင်း အထူးဈေးနှုန်းဖြင့်ရောင်းချပေးနေသည့်စက်သုံးဆီ အရောင်းဆိုင် (၄၄)ဆိုင်ရှိပြီး ၂၀၂၁ခုနှစ်၊ စက်တင်ဘာလမှ နိုဝင်ဘာလအထိ ပရီမီယမ်ဒီဇယ် (၂၇၇၇၃၂၈)ဂါလံ၊ ရိုးရိုးဒီဇယ် (၁၂၀၅၇၆၈)ဂါလံ၊ ဓာတ်ဆီ 92 (၁၇၈၃၂၂၆)ဂါလံ၊ ဓာတ်ဆီ 95 (၄၅၉၈၁)ဂါလံ ရောင်းချနိုင်ခဲ့ကြောင်း သတင်းရရှိပါသည်။

စားသုံးသူရေးရာဦးစီးဌာန(ပဲခူးတိုင်းဒေသကြီး)