စားသုံးသူအခွင့်အရေးများနှင့် ကုန်အညွှန်းအမှတ်အသားများ ရွေးချယ်ဝယ်ယူတတ်စေဖို့ စာသင်ကျောင်းများသို့ အသိပညာပေးကြစို့

Powered by Drupal

စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်ဦးစီးမှူးရုံးမှ ဒု-ဦးစီးမှူး ဒေါ်ဇာဇာချိုဦးနှင့် အငယ်တန်းစာရေး ဒေါ်ခင်နွဲ့ဝင်းတို့သည် တိုင်းဒေသကြီးဦးစီးမှူး၏ လမ်းညွှန်မှု နှင့်အတူ ပခုက္ကူခရိုင်ဦးစီးမှူး၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် စားသုံးသူပြည်သူများအား စားသုံးသူအခွင့် အရေးများနှင့် တာဝန်များအား သိရှိစေရန်၊ အစားအစာများအား ဝယ်ယူစားသောက်ရာတွင် ကုန် အညွှန်းအမှတ်အသားများပါဝင်ပြီး သတင်းအချက်အလက်ပြည့်စုံသော ကုန်စည်များကို ရွေးချယ် ဝယ်ယူတတ်စေရန်နှင့် စားသုံးသူအခွင့်အရေးနှင့် အကျိုးစီးပွားအား ကာကွယ်ရန်အတွက် (၁၉.၉.၂၀၂၃) ရက်နေ့၊ နံနက်(၁၀:၀၀) အချိန်တွင် ဂန့်ဂေါမြို့၊ ကျောတိုက်ရပ်ကွက်ရှိ အခြေခံပညာအလယ်တန်း ကျောင်း(ခွဲ)သို့ သွားရောက်၍  ဆရာ၊ ဆရာမ(၁၃)ဦး၊ ကျောင်းသား/ကျောင်းသူ(၁၆၀)ဦးအား စားသုံးသူ ကာကွယ်ရေး အသိပညာပေး ဟောပြောပွဲ ပြုလုပ်ဆောင်ရွက်ခဲ့ပါသည်။

ရှေးဦးစွာ ကျောတိုက်ရပ်ကွက်ရှိ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)မှ ကျောင်းအုပ်ဆရာမကြီးက ကြိုဆိုနှုတ်ခွန်း ဆက်စကားပြောကြားပြီး ဒု-ဦးစီးမှူး ဒေါ်ဇာဇာချိုဦးက အသိပညာပေး ဆွေးနွေးရာတွင် ဌာန၏သမိုင်းကြောင်း၊ ဆောင်ပုဒ်နှင့် မျှော်မှန်းချက်၊ ရည်မှန်းချက်များ အကြောင်း အားရှင်းလင်းပြီး စားသုံးသူကာကွယ်ရေးဥပဒေ(၂၀၁၉)တွင် ပါဝင်သော စားသုံးသူ၏ အခွင့်အရေး နှင့်တာဝန်များ၊ ကုန်အညွှန်းအမှတ်အသားဖော်ပြချက်များ၊ တိုင်ကြားခြင်းအကြောင်းနှင့် စားသုံးသူ ပြည်သူများအတွက် ကုန်စည်(သို့) ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ ဘေးအန္တရာယ်ကင်းရှင်းစေရေး၊ ထုတ်ကုန်များ လုံခြုံစိတ်ချမှုရှိစေရေးတို့ကို ဆောင်ရွက်နေရုံသာမက စားသုံးသူနစ်နာဆုံးရှုံးမှုများ အတွက် စားသုံးသူသတင်းပြန်ကြားရေးနှင့် တိုင်ကြားမှုလက်ခံဆောင်ရွက်ရေးစင်တာ(CICC)အား ဖွင့်လှစ်ထားရှိမှုများ၊ ကုန်စည် (သို့မဟုတ်) ဝန်ဆောင်မှု နှင့်စပ်လျဉ်း၍ စားသုံးသူကတောင်းဆိုနိုင် သည့် အခွင့်အရေးများအကြောင်း၊ တိုင်ကြားနိုင်သည့်နေရာများနှင့် နည်းလမ်းများအကြောင်း၊ စားသုံး သူရေးရာကိစ္စများ စုံစမ်းမေးမြန်းရန်အတွက် Consumer Call Center အားဖွင့်လှစ်ထားကြောင်း၊  Consumer Call Center အား ခေါ်ကြားနိုင်သည့် နံပါတ် 1535 ကို ခေါ်ဆို၍ သိလိုသည်များ၊ တိုင်ကြားလိုသည်များကို တိုင်ကြားမေးမြန်းနိုင်ကြောင်း အသေးစိတ်ရှင်းလင်းဆွေးနွေးခဲ့ပြီး အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ပါသည်။

DOCA(မကွေး)