ယခုအခါတွင် မိုးရာသီရောက်ရှိလာပြီဖြစ်သည့်အတွက် ရာသီတုပ်ကွေးရောဂါများ အများအပြား ဖြစ်ပွားလျက်ရှိကြောင်း သိရှိရပါသည်။ မကွေးမြို့ပေါ်ရှိ ဆေးဆိုင်များတွင် အိမ်သုံးဆေးဝါးများကို ဖျားနာမှုအတွက် အဓိကဝယ်ယူလျက်ရှိကြပါသည်။ အိမ်သုံးဆေးဝါးများမှာ ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ (တတိယပတ်) တို့တွင် စျေးနှုန်းတည်ငြိမ်နေကြောင်း သိရှိရပါသည်။
၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ (တတိယပတ်)တွင် မကွေးမြို့ပေါ်ရှိစျေးကွက်အတွင်း၌ ဖြစ်ပေါ်လျက် ရှိသော အိမ်သုံးဆေးဝါးနှင့် အိမ်သုံးအားဆေးများ၏ စျေးနှုန်းများမှာ Decolgen (၁၀)လုံးပါ တစ်ကတ်လျှင် ကျပ်(၁၅၅၀)၊ Civit အလုံး(၁၀၀)ပါတစ်ဘူးလျှင် ကျပ်(၂၈၅၀)၊ Paracetamol (၁၀)လုံးပါ တစ်ကတ်လျှင် ကျပ်(၄၀၀)၊ Biogesic (၁၀) လုံးပါ တစ်ကတ်လျှင် ကျပ် (၁၀၀၀)၊ Amoxicillin အလုံး(၁၀၀)ပါ တစ်ဘူးလျှင် ကျပ်(၅၇၀၀)၊ Bermeton အလုံး(၁၀၀)ပါတစ်ဘူးလျှင် ကျပ်(၁၆၀၀)၊ Cetrine (၁၀)လုံးပါ တစ်ကတ်လျှင် ကျပ်(၂၀၀)၊ Enervon-C (၄)လုံးပါ တစ်ကတ်လျှင် ကျပ်(၁၅၀၀)၊ Oramin-G (၅)လုံးပါ တစ်ကတ်လျှင် ကျပ်(၃၃၀၀)၊ Becozinc (၁၀)လုံးပါ တစ်ကတ်လျှင် ကျပ် ၄၃၅၀)၊ Vitahome (၁၀)လုံးပါ တစ်ကတ်လျှင် ကျပ်(၁၈၅၀)၊ Supradyn (၁၀)လုံးပါ တစ်ကတ်လျှင် ကျပ်(၁၉၅၀)၊ SaRa (၁၀)လုံးပါ တစ်ကတ်လျှင် ကျပ်(၁၁၀၀)၊ Vitacee (၁၅)လုံးပါ တစ်ကတ်လျှင် ကျပ်(၄၆၀၀)၊ Flemex (၁၀)လုံးပါ တစ်ကတ်လျှင် ကျပ်(၃၈၀၀)၊ Solmux (၄)လုံးပါ တစ်ကတ်လျှင် ကျပ်(၁၁၅၀)၊ Wood (၁၅)လုံးပါတစ်ကတ်လျှင် ကျပ်(၈၈၀၀)၊ Alexal(၁၀)လုံးပါတစ်ကတ်လျှင် ကျပ်(၂၁၅၀)၊ Mexagrip (၄)လုံးပါတစ်ကတ်လျှင် ကျပ်(၇၅၀)၊ ဓါတ်ဆား MPF တစ်ထုတ်လျှင် ကျပ်(၃၅၀)တို့ဖြင့် အသီးသီးရောင်းချလျှက်ရှိကြောင်း ဆေးဆိုင်များမှ လေ့လာသိရှိရပါသည်။
DOCA(မကွေး)