စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ခွဲဝေချထားသည့် စားအုန်းဆီများအား ကသာခရိုင်စီမံအုပ် ချုပ်ရေးအဖွဲ့၏ လမ်းညွှန်မှုဖြင့် ခရိုင်ကုန်ဈေးနှုန်းတည်ငြိမ်ရေးလုပ်ငန်းအဖွဲ့မှ ကြီးကြပ်၍ စားအုန်းဆီ များအား သတ်မှတ်ရည်ညွှန်းဈေးဖြင့် ရောင်းချပေးခြင်းကို စားအုန်းဆီကုန်သည်များနှင့် ပူးပေါင်း၍ ၂၀၂၃-ခုနှစ် စက်တင်ဘာလ(၂၅)ရက်နေ့ နံနက်(၈)နာရီမှစ၍ ကသာမြို့၊ မြို့တော်ခန်းမတွင် သက်သာသောနှုန်းထားဖြင့် ရောင်းချပေးလျက်ရှိရာ ပြည်သူများအနေဖြင့် အလှည့်ကျတန်းစီဝယ်ယူခဲ့ကြကြောင်း သိရှိရသည်။
ခရိုင်ကုန်ဈေးနှုန်းတည်ငြိမ်ရေးလုပ်ငန်းအဖွဲ့အနေဖြင့် (၂၄.၉.၂၀၂၃)ရက်နေ့တွင် ကသာခရိုင်၊ မြို့နယ် နိုင်ငံ့ဝန်ထမ်းများအား ဝန်ထမ်းတစ်ဦးလျှင် တစ်ပိဿာနှုန်း (၅၇၂၀)ကျပ်ဖြင့် (၅၅၀)ပိဿာကို ရောင်းချပေးခဲ့ကြောင်း၊ ယနေ့ (၂၅.၉.၂၀၂၃)ရက်နေ့တွင် ပြည်သူများအား လူတစ်ဦးလျှင်(၅၀)ကျပ်သား (၂၈၀၀)ကျပ်နှုန်းဖြင့် (၅၅၀)ပိဿာ ရောင်းချပေးခဲ့ကြောင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့၏ စားအုန်းဆီ ခွဲတမ်းရရှိမှုအပေါ် မူတည်၍ ပြည်သူများအား ဆက်လက်ရောင်းချပေးသွားမည်ဖြစ်ကြောင်းနှင့် ခရိုင်အတွင်း မြို့နယ်များဖြစ်သည့် အင်းတော်မြို့နယ်၊ ထီးချိုင့်မြို့နယ်နှင့် ဗန်းမောက်မြို့နယ်များတွင်လည်း စားအုန်းဆီများအားသက်သာသောနှုန်းထားဖြင့် ဖြန့်ဖြူးရောင်းချပေးရန် စီစဉ်လျက်ရှိကြောင်း သိရှိရ ပါသည်။
DOCA(စစ်ကိုင်း)