တောင်ငူမြို့တွင် မိုးတွင်းကာလ ငါးခြောက်အရောင်းအဝယ်အေး

Powered by Drupal

      တောင်ငူမြို့သို့ အခြားနယ်များမှ ငါးခြောက်များတင်ပို့ရောင်းချလျက်ရှိရာ အရောင်းအဝယ်အေးကြောင်း သိရပါသည်။ ညောင်ပင်ဈေးတွင် ဒေသထွက် ငါးခြောက်များဖြစ်သော ငါးရံ့ခြောက်ကို ၁၀ ကျပ်သားလျှင် ၃၅၀၀ ကျပ်မှ ၅၅၀၀ ကျပ်အထိ၊ ငါးဇင်ရိုင်းခြောက်ကို ၁၀ ကျပ်သားလျှင် ၁၃၀၀ ကျပ်မှ ၁၅၀၀ ကျပ်အထိဖြင့် တပိုင်တနိုင်ဒေသငါးခြောက်ပြုလုပ်သူများ အနည်းငယ် လာရောက်ရောင်းချကြရာ ဝယ်ယူသူများကြောင်း သိရပါသည်။

     မြို့မ‌‌ဈေးရှိ ငါးခြောက်ဆိုင်ကြီးများတွင် ရန်ကုန်မှတင်ပို့သော ငါးခြောက်များကို ရောင်းချလျက်ရှိရာ ငါးနီတူခြောက်(အသေး) တစ်ဆယ်ကျပ်သားလျှင် ၁၇၀၀ ကျပ်မှ ၂၀၀၀ ကျပ်အထိ၊ တီလားပီးယားခြောက် တစ်ဆယ်ကျပ်သားလျှင် ၆၀၀ ကျပ်မှ ၁၂၀၀ ကျပ်အထိ၊ ငါးတံခွန်ခြောက် တစ်ဆယ်ကျပ်သားလျှင် ၁၈၀၀ ကျပ်မှ ၂၂၀၀ ကျပ်အထိ၊ အသားမြှောင်းခြောက် တစ်ဆယ်ကျပ်သားလျှင် ၂၈၀၀ ကျပ်မှ ၃၂၀၀ ကျပ်အထိ၊ ငါးမဲလုံးခြောက် တစ်ဆယ် ကျပ်သားလျှင် ၉၀၀ ကျပ်မှ ၁၅၀၀ ကျပ်အထိ၊ ငါးပုတ်သင်ခြောက်(ခွဲပြား) တစ်ဆယ် ကျပ်သားလျှင် ၇၀၀ ကျပ်မှ ၁၂၀၀ ကျပ်အထိ၊ ငါးယောင်ခြောက် တစ်ဆယ်ကျပ်သားလျှင် ၈၀၀ ကျပ်မှ ၁၂၀၀ ကျပ်အထိ၊ ငါးမီးလောင်ခြောက် တစ်ဆယ်ကျပ်သားလျှင် ၁၆၀၀ ကျပ်မှ ၁၈၀၀ ကျပ်အထိ၊ အာဗြဲခြောက် တစ်ဆယ်ကျပ်သားလျှင် ၂၅၀၀ ကျပ်မှ ၃၀၀၀ ကျပ်အထိ ရှိပါသည်။

    ပုဇွန်ခြောက်မှာ အကောင် အသေး အကြီးပေါ်မူတည်၍ တစ်ဆယ်ကျပ်သားလျှင် ၁၈၀၀ ကျပ်မှ ၇၅၀၀ ကျပ်အထိ ရှိပါသည်။ မိုးတွင်းကာလဖြစ်သဖြင့် ဒေသငါးများပေါများခြင်း၊ ငါးခြောက်များအစိုပြန်၍ သိုလှောင်ရန် အခက်အခဲရှိခြင်းတို့ကြောင့် အရောင်းအဝယ်အေးကြောင်း သိရပါသည်။

DOCA(ပဲခူး)