တောင်ငူမြို့ ကံရိုးအလယ်တန်းကျောင်းခွဲတွင် အသိပညာပေးဟောပြော

Powered by Drupal

  စားသုံးသူရေးရာဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနတို့ပူးပေါင်း၍ ကျောင်းသားကျောင်းသူများ သိသင့်သိထိုက်သည့် အသိပညာ ဗဟုသုတများရရှိစေရန် အသိပညာပေးဟောပြောပွဲကို ၂၀၂၃ခုနှစ်၊ စက်တင်ဘာလ ၂၂ ရက်နေ့ ၊ မွန်းလွဲပိုင်းက တောင်ငူမြို့နယ် ကံရိုးကျေးရွာ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)၌ ကျင်းပပြုလုပ်ပါသည်။

  ဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူမြို့နယ်တာဝန်ခံ ဦးမြင့်သူက စားသုံးသူရေးရာဦးစီးဌာန ပေါ်ပေါက်လာပုံ၊ စားသုံးသူကာကွယ်ရေးဆောင်ရွက်ချက်များကိုလည်းကောင်း၊ စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ဦးစီးမှူးရုံးမှ ဦးစီးမှူး ဦးစောသန်းထိုက်ကျော်က စားသုံးသူအခွင့်အရေးများ၊ စားသုံးသူကာကွယ်ရေးဥပဒေတွင် ကုန်စည်များ၌ကုန်အညွှန်းအမှတ် အသားများကိုဖော်ပြရန် ပြဌာန်းချက်များ၊ စားသုံးသူများအနေဖြင့် ကုန်စည်များဝယ်ယူရာတွင် ကုန်အညွှန်းအမှတ်အသားများကို ဖတ်ရှုပြီး ကုန်အညွှန်းအမှတ်အသားနှင့်အညီ လိုက်နာဆောင်ရွက်ရန်လိုအပ်ပုံများနှင့် ကုန်အညွှန်းအမှတ်အသားပါရှိသော ကုန်စည်များကိုသာ ဝယ်ယူသုံးစွဲ သင့်ပုံများ၊ စားသုံးသူနစ်နာဆုံးရှုံးမှုများဖြစ်ပေါ်ပါက တိုင်ကြားနိုင်ခြင်းများကို လည်းကောင်း ဟောပြော ဆွေးနွေးကြပါသည်။

 ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ခင်သူဇာဝင်းက စာဖတ်ခြင်း၏အကျိုးကျေးဇူးနှင့် ဖတ်ရှုသင့်သည်စာပေများ အကြောင်းကိုလည်းကောင်း၊ အားကစားနှင့်ကာယပညာဦးစီးဌာန မြို့နယ်အားကစားမှူး ဒေါ်သူဇာထွေးက လူငယ်နှင့်အားကစားလှုပ်ရှားမှုအကြောင်းကိုလည်းကောင်း ဟောပြောဆွေးနွေးကြကြောင်းနှင့် ဟောပြောပွဲသို့ ကျောင်းသားကျောင်းသူ ၁၂၀ ဦးတက်ရောက်ကြောင်း သိရပါသည်။

DOCA(ပဲခူး)