မကွေးမြို့နယ်တွင် ရပ်ကွက်အလိုက် စျေးနှုန်းသက်သာစွာ စားအုန်းဆီများရောင်းချပေးလျက်ရှိ

Powered by Drupal

   မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏စီစဉ်မှုဖြင့် မြန်မာနိုင်ငံဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းမှ စျေးနှုန်းသက်သာစွာဝယ်ယူရရှိသောစားအုန်းဆီများကို (၂၅-၉-၂၀၂၃)ရက်နေ့၊ နံနက် (၀၈:၀၀)နာရီအချိန်တွင် မကွေးမြို့၊ မြသလွန်စေတီစျေးဆိုင်များရှိ ပြည်သူများအား စားအုန်းဆီ (၁) ပိဿာလျှင် ကျပ်(၄၈၀၀)နှုန်းဖြင့် အိမ်ထောင်စု(၁၃၅)စုအတွက် စားအုန်းဆီ(၁၃၅)ပိဿာရောင်းချပေးခဲ့ကြောင်းသိရှိရသည်။

 ထိုသို့ရောင်းချပေးရာတွင် စနစ်တကျရှိစေရန်အတွက် စားသုံးသူရေးရာဦးစီးဌာန၊ မကွေးခရိုင်ဦးစီးမှူးနှင့်ဝန်ထမ်းများ၊ မြသလွန်ဘုရား၏အကျိုးတော်ဆောင်တို့က ကြီးကြပ်ဆောင်ရွက်ခဲ့ကြပြီး အကျိုးတော်ဆောင်တို့အနေဖြင့် အိမ်ထောင်စု(၁)စုလျှင် တိုကင်(၁)ခုနှုန်း ကြိုတင်ပေးထားကြောင်း၊   ပြည်သူများမှာလည်း ပျော်ရွှင်ဝမ်းမြောက်စွာဝယ်ယူခဲ့ကြကြောင်းသိရှိရပါသည်။

DOCA(မကွေး)