ရေတာရှည်မြို့ စက်သုံးဆီအရောင်းဆိုင်များသို့ ပူးပေါင်းအဖွဲ့ဖြင့် ကွင်းဆင်းစစ်ဆေး

Powered by Drupal

   စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်တာဝန်ခံ ဦးဇော်ဇော်ထွေးသည် စက်တင်ဘာလ ၂၀ ရက်နေ့ ညနေ ၃ နာရီအချိန်တွင် ရေတာရှည်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းလင်း ဦးဆောင်သော ဈေးကွက်စောင့်ကြည့်စစ်ဆေးရေးအဖွဲ့ဖြင့် ရေတာရှည်မြို့ရှိ စက်သုံးဆီအရောင်းဆိုင်များသို့ ကွင်းဆင်းစစ်ဆေးရာတွင် ပူးပေါင်း ပါဝင်ဆောင်ရွက်ခဲ့ပါသည်။

      ပူးပေါင်းအဖွဲ့သည် စက်သုံးဆီများ အလေးချိန်နှင့် ဈေးနှုန်းမှန်ကန်ရေး၊ မီးဘေးအန္တ ရာယ် ကြိုတင်ကာကွယ်ရေးအတွက် ပလတ်စတစ်ပုံးဖြင့် ရောင်းချမှုမပြုရေး၊ သက်ဆိုင်ရာဌာနဆိုင်ရာများ၏ ဥပဒေ၊ အမိန့် ၊ ညွှန်ကြားချက်များနှင့်အညီ လိုက်နာဆောင်ရွက်ရေး၊ စားသုံးသူစိတ်ကျေနပ်မှုရှိစေရေးကို အလေးထားဆောင်ရွက်ရေးတို့ကို စစ်ဆေးဆောင်ရွက်ခဲ့ပါသည်။

  ပူးပေါင်းအဖွဲ့တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့မှူးရုံး၊ မြို့နယ်မီးသတ်တပ်ဖွဲ့၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့မှ တာဝန်ရှိသူများပါဝင်ပြီး ရေတာရှည်မြို့ရှိ စက်သုံးဆီ အရောင်းဆိုင်များဖြစ်သော လှဂုဏ်ရည်၊ အောင်မေတ္တာ၊ ဟန်ဝင်းအောင်နှင့် Petro K အရောင်းဆိုင်များကို ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရပါသည်။

DOCA(ပဲခူး)