ကိုဗစ်-၁၉ အိုမီခရွန် ဗီဇပြောင်းဗိုင်းရပ်စ် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ မြဝတီမြို့တွင်ဆောင်ရွက်

Powered by Drupal

     အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ကျန်းမာရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနနှင့် ရပ်ကျေးအဖွဲ့ဝင်များပါဝင်သည့် ခရိုင်ဆေးဝါး နှင့် ဆေးပစ္စည်းများ ဈေးကွက်စောင့်ကြည့်စစ်ဆေးရေးအဖွဲ့သည် ကိုဗစ်-၁၉ အိုမီခရွန် ဗီဇပြောင်းဗိုင်းရပ်စ် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများအတွက် ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြဝတီမြို့တွင်ရောင်းချနေသော ဆေးဆိုင်များသို့ ၁၀-၁၂-၂၀၂၁ရက်နေ့နှင့် ၁၁-၁၂-၂၀၂၁ရက်နေ့တွင် ကွင်းဆင်းဆောင်ရွက်စစ်ဆေးခဲ့ကြောင်း သိရသည်။

          ကွင်းဆင်းစစ်ဆေးရာတွင် လတ်တလောဖြစ်ပွားနေသော ကိုဗစ် -၁၉ ဗိုင်းရပ်စ်ရောဂါနှင့် ကမ္ဘာ့နိုင်ငံအချို့နှင့် အိမ်နီးချင်းထိုင်းနိုင်ငံတို့တွင် ဖြစ်ပွားနေသော ကိုဗစ်-၁၉ အိုမီခရွန်ဗီဇပြောင်း ဗိုင်းရပ်စ်ရောဂါ ကြိုတင်ကာကွယ်ရေးနှင့် ကုသရေးလုပ်ငန်းများ လျှင်မြန်ထိရောက်စွာ တုံ့ပြန်ဆောင်ရွက်နိုင်ရေးနှင့် ဆေးနှင့်ဆေးဝါးများ ပြတ်လပ်မှုမရှိစေရေးအတွက် ကိုဗစ်ကာကွယ်ကုသရေး ဆိုင်ရာ အထောက်အကူပြုပစ္စည်းများ၊ ကုသရေးဆိုင်ရာဆေးဝါးများ ဈေးကွက်လက်ကျန် အခြေအနေစာရင်းကောက်ယူခဲ့ကြောင်း သိရသည်။ ကမ္ဘာ့ကပ်ရောဂါ ကိုဗစ်-၁၉ကြောင့် မြန်မာနိုင်ငံတွင် ကိုဗစ် -၁၉တတိယလှိုင်းအတွင်း နိုင်ငံအဝန်း ကိုဗစ်ဖြစ်ပွားမှုပိုးတွေ့လူနာတွေ့ရှိမှုနှုန်း မြင့်တက်ခဲ့ပြီး ဆေးနှင့်ဆေးပစ္စည်းများလည်း ဈေးနှုန်းမြင့်တက်ခဲ့သောကြောင့် ဆေးဝါးနှင့် ဆေးပစ္စည်းများ ဈေးကွက်စောင့်ကြည့် စစ်ဆေးကြပ်မတ်ရေးအဖွဲ့က ကြပ်မတ်စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

           ကိုဗစ်-၁၉ ကပ်ရောဂါ ကာလအတွင်း မြဝတီခရိုင်အတွင်း ယနေ့အထိ ကိုဗစ်ဖြစ်ပွားသူလူနာ ၁၉၁၆ ဦး၊ သေဆုံး ၁၂၅ဦး၊ ထိတွေ့သူ ၉၇၅ဦးထိ ရှိခဲ့ကြောင်း ကျန်းမာရေးဌာန၏စာရင်းများအရ သိရပြီး နယ်စပ်ဝင်ပေါက်မြို့ဖြစ်သည့် မြဝတီမြို့တွင် Covid-19 Quarantine Center များထားရှိ၍ ကာကွယ်ကုသရေးလုပ်ငန်းများကို အရှိန်အဟုန်မပျက် ဆက်လက်ဆောင်ရွက်လျက်ရှိသည့်အပြင် အိမ်နီးချင်းထိုင်းနိုင်ငံတွင် ပျံ့နှံ့ရောက်ရှိနေသော ကိုဗစ် -၁၉ အိုမီခရွန် ဗီဇပြောင်း ဗိုင်းရပ်စ်ရောဂါ မြန်မာနိုင်ငံအတွင်းသို့ ကူးစက်ပျံ့ပွားမှု မဖြစ်စေရေးအတွက်လည်း ကာကွယ်ကုသရေးလုပ်ငန်းများကို ကြိုတင်စီမံဆောင်ရွက်လျှက်ရှိကြောင်း သိရှိရပါသည်။

စားသုံးသူရေးရာဦးစီးဌာန ကရင်ပြည်နယ်