တညင်းကုန်းလက်ကားဈေးကြီးတွင် ရက်သတ္တပတ်အတွင်းရောင်းချနေသော ကုန်ဈေးနှုန်းအခြေအနေ

Powered by Drupal

       အင်းစိန်မြို့နယ်ရှိ တညင်းကုန်းလက်ကားဈေးကြီးအတွင်းသို့  ၂၀၂၃ခုနှစ်၊ စက်တင်ဘာလ (၂၀) ရက်နေ့မှ စက်တင်ဘာလ(၂၆)ရက်အတွင်း ညောင်တုန်း၊ မှော်ဘီ၊ သာရဝေါ၊ ညောင်နှစ်ပင် ကျေးရွာ၊ ကြာကန်စု ကျေးရွာ၊ နေပြည်တော်၊ တပ်ကုန်း၊ ရွှေဒါး၊  မင်္ဂလာဒုံ၊ အင်းစိန်၊ ခရမ်း၊ သုံးခွ၊ ပြည်၊ လက်ပံတန်း၊ မင်းလှ၊ ဝါးနက်ချောင်း၊ မော်လမြိုင်၊ မန္တလေး၊ အုတ်ဖိုနှင့် ရှမ်းပြည်နယ်တို့မှ ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံပန်းမန်များ အများဆုံးဝင်ရောက် ရောင်းချလျက်ရှိပါသည်။ ထိုသို့ဝင်ရောက်ရာတွင် ယခုရက်သတ္တပတ် အတွင်း ခရမ်းချဉ်သီး ထိုင်ဝမ်(ပိဿာ)ကျပ် ၁၀၀၀ မှ ၂၂၀၀ အတွင်း၊ ဂေါ်ဖီထုပ်(တစ်ထုပ်)ကျပ် ၃၀၀ မှ ၁၀၀၀ အတွင်း၊ ပန်းဂေါ်ဖီ(ထုပ်)ကျပ် ၅၀၀ မှ ၁၅၀၀ အတွင်း၊ အာလူး(ပိဿာ)ကျပ် ၁၉၀၀ မှ ၂၃၀၀ အတွင်း၊ မုန်လာဥနီ(ပိဿာ) ကျပ် ၃၅၀၀ မှ ၄၀၀၀ အတွင်း ရွှေဖရုံသီး(လုံး)ကျပ် ၂၀၀၀ မှ ၅၀၀၀ အတွင်း၊ ဘူးသီး(လုံး) ကျပ် ၈၀၀ မှ ၂၀၀၀ အတွင်း၊ မုန်ညှင်း(ထုပ်)(ပိဿာ)ကျပ် ၂၂၀၀ မှ ၃၆၀၀ အတွင်း၊ ကြက်သွန်နီ(ဆိပ်ဖြူ)ကျပ် ၂၅၀၀ မှ ၃၀၀၀ အတွင်း၊ ကြက်သွန်ဖြူ (ရှမ်း)(ပိဿာ)ကျပ် ၇၅၀၀ မှ ၈၀၀၀ အတွင်း၊ ကြက်သွန်ဖြူ (ကြူကုတ်) (ပိဿာ) ကျပ် ၇၀၀၀ မှ ၇၈၀၀ အတွင်း၊ ချင်း(ပိဿာ)ကျပ် ၅၀၀၀ မှ ၇၀၀၀ အတွင်း၊ ဆလပ်ရွက် (စည်း) ကျပ် ၂၀၀ မှ ၃၀၀ အတွင်း၊ ချဉ်ပေါင်ရွက်(စည်း) ကျပ် ၅၀ မှ ၁၅၀ အတွင်း၊ ခရမ်းသီး  (ရှည်) (ပိဿာ)ကျပ် ၁၂၀၀ မှ ၂၂၀၀ အတွင်း၊ သံပရာသီး(လုံး)ကျပ် ၄၀ မှ ၁၀၀ အတွင်း၊ ငရုတ်သီးစိမ်း (ကျောက်စိမ်း) (ပိဿာ)ကျပ် ၈၀၀ မှ ၁၈၀၀ အတွင်း၊ ဖရဲသီး (အကြီး၊ အလတ်၊ အသေး)ကျပ် ၁၅၀၀ မှ ၄၅၀၀ အတွင်း အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ တညင်းကုန်းလက်ကားဈေးကြီးအတွင်းသို့ ယခုရက်သတ္တပတ်အတွင်း သံပုရာသီးအလုံးပေါင်း (၄၂၇၈၅၀)ကျော်၊ ခရမ်းသီး(ရှည်) (ပိဿာ) (၁၈၂၄၀)ကျော်၊ ဘူးသီးအလုံးပေါင်း (၁၂၃၀)ကျော်၊ ရွှေဖရုံသီးအလုံးပေါင်း (၁၂၃၄၅)ကျော်၊ ဂေါ်ဖီထုပ်ပေါင်း (၅၅၂၀၀)ကျော်၊ ပန်းဂေါ်ဖီထုပ်ပေါင်း (၃၇၅၀၀)ကျော်၊ မုန်ညှင်းထုပ် (ပိဿာ) ပေါင်း (၉၄၉၅)ကျော်၊ ဖရဲသီးလုံးပေါင်း (၁၃၆၀၀)ကျော်  အသီးသီးကုန်အဝင်ရှိကြောင်း သိရပါသည်။

DOCA(ရန်ကုန်)