ကသာမြို့နယ်အတွင်း ၂၀၂၃-ခုနှစ် စက်တင်ဘာလ နောက်ဆုံးအပတ်အတွင်း ဈေးကွက်အသီးသီး၌ ရောင်းချလျက်ရှိသော ဆန်ဈေးနှုန်းများမှာ ရွှေဘိုပေါ်ဆန်းတစ်အိတ်လျှင် (၁၅၅၀၀၀)ကျပ်၊ ဧရာမင်းဆန်တစ်အိတ် (၁၂၀၀၀၀)ကျပ်၊ ဧည့်မထ(ဆင်း-၃) တစ်အိတ်လျှင် (၉၀၀၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိပြီး စားသုံးဆီဈေးနှုန်းမှာ မြေပဲဆီတစ်ပိဿာ (၁၅၀၀၀)ကျပ်၊ နှမ်းဆီ တစ်ပိဿာ (၁၅၀၀၀) ကျပ်ရှိကြောင်း သိရသည်။ စက်တင်ဘာလ တတိယအပတ်ရှိ ဈေးနှုန်းများနှင့် နှိုင်းယှဉ်ကြည့်ပါက စားသုံးဆီဈေးနှုန်းများမှာ တည်ငြိမ်လျက်ရှိပြီး ဆန်ဈေးနှုန်းများမှာ ရွှေဘိုပေါ်ဆန်းဈေးနှုန်းမှာ (၁၂၀၀၀) ကျပ်ခန့်မြင့်တက်လာပြီး ကျန်ဆန်ဈေးနှုန်းများမှာ တည်ငြိမ်လျက်ရှိသည်ကို သိရှိရသည်။
စားဖိုဆောင်သီးနှံ လက်လီဈေးနှုန်းများမှာ ကြက်သွန်နီ (အသစ်) အလုံး (အသေး/အကြီး) ပေါ် မူတည်၍ တစ်ပိဿာ (၃၇၀၀မှ ၄၂၀၀)ကျပ်၊ ကြက်သွန်ဖြူ(ရှမ်း) တစ်ပိဿာ (၁၂၀၀၀) ကျပ်၊ အာလူး တစ်ပိဿာ (၃၅၀၀)ကျပ်၊ ခရမ်းချဉ်သီးတစ်ပိဿာ အလုံး အသေး/အကြီးပေါ် မူတည်၍ (၃၅၀၀ မှ ၃၈၀၀)ကျပ်၊ ဂျင်းတစ်ပိဿာ (၁၀၀၀၀) ကျပ်၊ ကုလားပဲ တစ်ပိဿာ (၆၈၀၀)ကျပ်၊ ပဲနီလေး တစ်ပိဿာ (၈၀၀၀)ကျပ်၊ ငရုတ်သီးခြောက်(ပု) တစ်ပိဿာ (၂၅၀၀၀) ကျပ်၊ ငရုတ်(စို) တစ်ပိဿာ (၄၅၀၀)ကျပ် ဖြင့် ရောင်းချလျက်ရှိသည်။
အသား /ငါး ဈေးနှုန်းများမှာ ကြက်သား(CP) တစ်ပိဿာ (၁၀၀၀၀ မှ ၁၁၀၀၀)ကျပ်၊ ဝက်သား တစ်ပိဿာ (၂၂၀၀၀) ကျပ်၊ အမဲသား တစ်ပိဿာ(၁၆၀၀၀)ကျပ်၊ ဆိတ်သားတစ်ပိဿာ (၂၄၀၀၀) ကျပ် နှင့် ငါးကြင်း တစ်ပိဿာ(၉၀၀၀)ကျပ်၊ ကြက်ဥတစ်လုံး အလုံး (အသေး/အကြီး)ပေါ် မူတည်၍ (၂၆၀/ ၂၈၀/၃၀၀)ကျပ်နှင့် ဘဲဥတစ်လုံး(၃၅၀)ကျပ်ဖြင့် ရောင်းချလျက်ရှိသည်။ အခြေခံစားသောက်ကုန် ဈေးနှုန်းများမှာ စက်တင်ဘာလ တတိယအပတ်ရှိ ဈေးနှုန်းများနှင့် နှိုင်းယှဉ်ကြည့်ပါက ငရုတ်(စို) ဈေးနှုန်းမှာ ကျပ်(၅၀၀)ခန့် ကျဆင်းကာ အသား/ငါးဈေးနှုန်းနှင့် ကျန်အခြေခံစားသောက်ကုန်များမှာ ဈေးနှုန်းတည်ငြိမ်လျက်ရှိကြောင်း သိရှိရသည်။
DOCA(စစ်ကိုင်း)