မြင်းခြံခရိုင်၏ နွေကြက်သွန်နီ ဈေးနှုန်း၊ဈေးကွက်အခြေအနေ

Powered by Drupal

     မြင်းခြံခရိုင်၏ ၂၀၂၃ ခုနှစ် စက်တင်ဘာလ၊ တတိယပတ်တွင် နွေကြက်သွန်နီအကြီး တစ်ပိဿာလျှင်(၂၆၀၀)ကျပ်မှ(၂၈၀၀)ကျပ်၊ အလတ်စတစ်ပိဿာလျှင်(၂၄၀၀)ကျပ်မှ(၂၅၀၀)ကျပ်၊ အသေးစတစ်ပိဿာလျှင်(၂၁၀၀)ကျပ်မှ(၂၂၀၀)ကျပ်များဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပြီး၊ ယခု စက်တင် ဘာလ စတုတ္ထပတ်တွင်ဖြစ်ပေါ်နေသောဈေးနှုန်းများမှာ အကြီးတစ်ပိဿာလျှင်(၂၇၀၀)ကျပ်မှ (၂၈၀၀)ကျပ်၊ အလတ်တစ်ပိဿာလျှင်(၂၄၀၀)ကျပ်မှ(၂၅၀၀)ကျပ်၊ အသေးစတစ်ပိဿာလျှင် (၂၂၀၀) ကျပ်မှ(၂၃၀၀)ကျပ်ဈေးများဖြင့် အရောင်းအဝယ်ဖြစ်ပေါ်နေကြောင်း သိရှိရပါသည်။  ယခင်တစ်ပတ် ထက် ယခုတစ်ပတ်တွင် ကြက်သွန်နီ အရည်အသွေးနှင့်အမျိုးအစားပေါ်မူတည်၍ တစ်ပိဿာလျှင် ဈေးနှုန်း (၁၀၀)ကျပ်ဝန်းကျင်ခန့် မြင့်တက်လာပါသည်။ ကြက်သွန်နီတင်ပို့မှုအနေဖြင့် မန္တလေး၊ ရန်ကုန်၊ နေပြည်တော်၊ မူဆယ်နှင့်မော်လမြိုင်မြို့များသို့ တင်ပို့လျက်ရှိကြောင်း သိရှိရပါသည်။

          မြင်းခြံခရိုင်အတွင်းရှိ ကြက်သွန်နီစိုက်ပျိုးထွက်ရှိသော ကျေးရွာများမှ မြင်းခြံဈေးကွက်သို့ ကုန်ချိန်ဝင်ရောက်မှုအနေဖြင့် ယခင်တစ်ပတ်တွင် နေ့စဉ်ပျမ်းမျှပိဿာချိန်(၇၅၀၀၀)ကျော်ဝင်ရောက်ခဲ့ပြီး၊ ယခုစက်တင်ဘာလ စတုတ္ထပတ်တွင် နေ့စဉ်ပျမ်းမျှပိဿာချိန်(၆၀၀၀၀)ကျော်ဝင် ရောက်လျက်ရှိပါသည်။ ယခုတစ်ပတ်တွင် မိုးရွာသွန်းမှုများရှိခဲ့သည့်အတွက် ယခင်တစ်ပတ်ထက် ဝင်ရောက်မှု ပိဿာချိန်(၁၅၀၀၀)ကျော် လျော့နည်းခဲ့ပါသည်။ သယ်ယူစရိတ်ကားခနှုန်းထားများအနေဖြင့် မြင်းခြံ မှ မန္တလေးသို့ တစ်ပိဿာလျှင်(၃၅)ကျပ်၊ မြင်းခြံ မှ ရန်ကုန်သို့ တစ်ပိဿာလျှင်(၁၃၀)ကျပ်၊ မြင်းခြံ မှ နေပြည်တော်သို့ တစ်ပိဿာလျှင်(၁၀၀)ကျပ်၊ မြင်းခြံမှ မော်လမြိုင်သို့ တစ်ပိဿာလျှင်(၁၅၀)ကျပ်၊ မြင်းခြံမှ မူဆယ်သို့ တစ်ပိဿာလျှင်(၁၆၀)ကျပ်နှုန်းထားများဖြင့် တင်ပို့လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)