ပြည်ပဲဈေးကွက်မှာ ယခုနှစ်အတွင်း ဈေးကောင်းရခဲ့သည့် ထောပတ်ပဲသီးနှံသည် ပဲအဝင်မရှိဘဲ လက်ကျန်ပဲများဖြင့်သာ ရောင်းဝယ်နေခဲ့ကြရသည့်အတွက် ယခုတစ်ပတ်မှာတော့ ပဲလက်ကျန်လည်း နည်းသွားပြီဖြစ်သလို အရောင်းအဝယ်လည်း အေးသွားခဲ့ပြီဖြစ်ပါသည်။ ထောပတ်ပဲသီးနှံအနေဖြင့်နှစ်အလိုက် ဈေးနှုန်းများကိုလေ့လာရာတွင် ယခုနှစ်ကဲ့သို့ ဈေးမြင့်တက်လာပြီး ဈေးအကောင်းဆုံးနှစ်ကို မတွေ့ရဘဲ ၂၀၂၂ ခုနှစ်မှစ၍ အခြားပဲများကဲ့သို့ ဈေးနှုန်းမြင့်တက်လာခဲ့ကြောင်း သိရပါသည်။ ၂၀၂၀ ခုနှစ်အတွင်း စက်တင်ဘာလမှာ တစ်တင်း ၁၈၅၀၀ကျပ်သာ ရရှိခဲ့လို့ ပဲဈေးကွက်အတွင်း အခြားပဲများနှင့် ယှဉ်လျှင်ဈေးအနိမ့်ဆုံးရခဲ့တဲ့ ပဲဖြစ်ခဲ့ပြီး ၂၀၂၁ ခုနှစ်တွင်တော့ အခြားပဲများနည်းတူဈေးနှုန်းများမြင့်တက်လာခဲ့ရာ ပဲတစ်တင်း ၄၀၀၀၀ကျပ်အထိ ရရှိလာခဲ့ပါသည်။ ယခုနှစ်မှာတော့ ဒေသအတွင်း အရောင်းအဝယ် အဖြစ်များတဲ့ ပဲသီးနှံများဖြစ်သည့် ထောပတ်ပဲ၊ ဘိုကိတ်ပဲ၊ ပဲလွမ်းဖြူ၊ ပဲနီပြား စသည့် သီးနှံများအနက် ပဲနီပြားနှင့် ထောပတ်ပဲသီးနှံသည် တစ်တင်းလျှင် ကျပ် ၁သိန်းနှင့် ၁ သိန်း ကျော်အထိ ဈေးအမြင့်ဆုံးဖြင့် ရောင်းဝယ်နေတဲ့သီးနှံဖြစ်ခဲ့ကြောင်း သိရပါသည်။
DOCA(ပဲခူး)