ပြည်ပဲမျိုးစုံဈေးကွက်မှာ မိုးပဲတီစိမ်းဈေးအနည်းငယ်မြင့်သော်လည်း အရောင်းအဝယ်အေး

Powered by Drupal

    ပြည်ပဲမျိုးစုံဈေးကွက်အတွင်း ပြည်တွင်း၊ ပြည်ပ ဝယ်လက်ရှိသော ပဲများနေ့စဉ် ရောင်းဝယ်နေခဲ့ကြသော်လည်း ပဲတီစိမ်းနှင့် ပဲစင်းငုံသီးနှံကတော့ ယခုတစ်ပတ်အတွင်း အရောင်းအဝယ်အေး နေခဲ့ကြောင်း သိရပါသည်။ ပဲတီစိမ်းသီးနှံမှာ ပဲဝင်ရောက်မှုနည်းပါးသွားသည့်အပြင် လက်ကျန်ပဲလည်း မရှိတော့သည့်အတွက် အရောင်းအဝယ်အေးနေခဲ့ကာ ပဲဈေးနှုန်းအနေဖြင့် တစ်တင်း ၆၀၀၀၀ကျပ် ဖြင့် ယခင်အပတ်ကဈေးထက်တော့ ဈေးအနည်းငယ် ပိုရလာခဲ့ပါသည်။ ပဲတီစိမ်းသီးနှံသည် ပဲအထွက်လှိုင်ချိန်တွင်သာ ဈေးကွက်အတွင်း အရောင်းအဝယ်သွက်သည့် ပဲသီးနှံဖြစ်ပြီး ကျန်ကာလများတွင် ပဲလက်ကျန်လည်း မရှိသလောက်ဖြစ်ကာ မျိုးပဲလောက်သာ မျိုးပဲချိန် အရောင်းအဝယ်ပြန်ဖြစ်ခဲ့ကြပါသည်။ ပဲတီစိမ်းသီးနှံအား ဝယ်လိုအားအနေဖြင့် ရန်ကုန် ဝယ်လက်သမားထက်၊ မန္တလေးဝယ်လက်သမား အဓိကဝယ်ယူမှုရှိကြောင်း သိရပါသည်။ ပဲတီစိမ်းဈေးမှာ ယခုတစ်ပတ်တွင် တစ်တင်း ၆၀၀၀၀ကျပ်ဖြင့် ယခင်အပတ်ကထက်ဈေး အနည်းငယ်ပိုရလာပြီး ယခင်နှစ် စက်တင်ဘာလဈေးထက်လည်း ဈေးပိုနေကြောင်း သိရပါသည်။ ယခင်နှစ် စက်တင်ဘာလအတွင်း မိုးပဲတီစိမ်းသီးနှံဈေးမှာ တစ်တင်း ၅၁၀၀၀ကျပ်ခန့် သာရရှိကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)