ရာသီစာ ကစော့ခါးသီးပင်

Powered by Drupal

     ကစော့ခါးပင်သည် နှစ်ကြာခံ အပင်ငယ်တစ်မျိုးဖြစ်ပါသည်။ အပင်၏အမြင့်မှာ ၄ပေခန့်ရှိတတ်ပါသည်။ အပင်ရိုးတံမာ၍ အမွှေးများဖြင့် ဖုံးအုပ်ထားပါသည်။ ဆူးများသည် စိမ်းဝါရောင် ရှိ၍သန်မာပါသည်။ အရွက်ပုံစံမှာ ဘဲဥပုံဖြစ်ပြီး ဒေါင့်(၇)ဒေါင့်ပါသော အပင်ဖြစ်ပါသည်။ အရွက် မျက်နှာ(၂)ဖက်လုံးတွင် သေးငယ်သောဆူးလေးများပါရှိပါသည်။ အပွင့်များမှာသေးငယ်ပြီး ခရမ်းရောင်ဖြစ်ပါသည်။

      ကစော့ခါးသီး၏ ပုံသဏ္ဍာန်မှာ လုံးဝိုင်းပြီး အစေ့များပြီး အခွံပါးသောအသီးဖြစ်၍ အခိုင်လိုက်သီးပါသည်။ မှည့်ပါအသီး၏အရောင်မှာ လိမ္မော်ရောင်ရှိပြီး အရသာမှာ အလွန်ခါးပါသည်။ သဘာဝ အလျောက် ပေါက်ရောက်တက်ပြီး မြန်မာနိုင်ငံအနှံ့အပြားတွင် တွေ့ရတတ်ပါသည်။ ကစော့ခါးသီးအား ရေနွေးဖျောထားသော အသီးများကိုလည်းကောင်း၊ အစိမ်းအားရေစင်စင်ဆေး၍လည်းကောင်း၊ ငပိရေနှင့် အတို့အမြှုပ် အဖြစ်စားသောက်ကြပါသည်။ ခရမ်းကစော့သီးအားရောင်းချရာတွင် အချိန်ဖြင့်ရောင်းချခြင်းနှင့် ဈေးများတွင် အသီးများအပုံပုံ၍ရောင်းချကြောင်း တွေ့ရပါသည်။ ကစော့ခါးသီးအား အချိန်ဖြင့် ရောင်းချရာတွင် တစ်ပိဿာလျှင် ၁၅၀၀ကျပ်နှုန်းဖြင့် ဈေးကွက်အတွင်း ရာသီစာအဖြစ် ရောင်းချ‌နေကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)