ကမ္ဘာ့ဆီထွက်သီးနှံများနှင့် ပြည်တွင်းစားဆီဖူလှုံရေး

Powered by Drupal

     ကမ္ဘာပေါ်တွင် စားသုံးရန်ဆီထုတ်လုပ်သော ဆီထွက်သီးနှံအမျိုးမျိုးရှိသော်လည်း အဓိက စားသုံးဆီမှာ (၄)မျိုးရှိပါသည် ။ ထိုဆီထွက်သီးနှံ (၄)မျိုးမှာ ပဲပုပ်ဆီ၊ နေကြာဆီ၊ မုန့်ညှင်းဆီ နှင့် စားအုန်းဆီတို့ဖြစ်ပါသည်။ မြန်မာနိုင်ငံတွင် မြေပဲဆီ၊ နှမ်းဆီ၊ နေကြာဆီနှင့် နိုင်ငံခြားက မှာယူ တင်သွင်းသော စားအုန်းဆီများကို အဓိကထား၍စားသုံးကြပါသည်။ ကမ္ဘာ့စားသုံးဆီ (၄)မျိုးကို လေ့လာသုံးသပ်တင်ပြလိုက်ရပါသည်-

ပဲပုပ်ဆီ

          ကမ္ဘာပေါ်တွင် စားသုံးသောဆီထွက်သီးနှံများဖြစ်သော ပဲပုပ်စေ့သည် ၂၀၀၆-၂၀၀၇ ခုနှစ်တွင် ကမ္ဘာ့ဆီထွက်သီးနှံထွက်ရှိမှု၏ ၅၈% ရှိပြီး၊ ကမ္ဘာ့ဟင်းသီးဟင်းရွက်ဆီထွက်ရှိမှု၏ ၃၆% ရှိခဲ့ပါသည်။ ပဲပုပ်စေ့တွင် ဆီပါဝင်မှုရာခိုင်နှုန်းမှာ ၁၂% မှ ၂၅% အထိရှိ၍ ကမ္ဘာ့ဆီ ထွက်သီးနှံများ၏ ၅၅% နှင့်အထက်ရှိကြောင်းသိရပါသည်။ ပဲပုပ်ကို အဓိကထုတ်လုပ်သော နိုင်ငံများမှာ အမေရိကန်၊ ဘရာဇီး၊ အာဂျင်တီးနား၊ အိန္ဒိယနှင့် တရုတ်နိုင်ငံတို့ဖြစ်ပါသည်။ ပဲပုပ်ကို Soya bean ဟုခေါ်ဆိုကြပြီး Soya ဆိုသည့်စကားလုံးသည် ဂျပန်စကားမှ ဆင်းသက် လာခြင်းဖြစ်ကြောင်း သိရပါသည်။

မုန်ညှင်းဆီ

          မုန်ညှင်းစေ့တွင် ဆီပါဝင်မှုရာခိုင်နှုန်းမှာ ၄၀% ရှိပြီး ကမ္ဘာပေါ်တွင် မုန်ညှင်း အဓိက စိုက်ပျိုးသောနိုင်ငံမှာ EU နိုင်ငံ၊ တရုတ်နိုင်ငံ၊ ကနေဒါနိုင်ငံနှင့် ဩစတေးလျနိုင်ငံတို့ဘဲ ဖြစ်ပါသည်။ မုန်ညှင်းမှဆီထွက်ရှိမှု၏ ၁၈% ရှိသည်ဟုသိရပါသည်။

နေကြာဆီ

          နေကြာစေ့တွင် ဆီပါဝင်မှုရာခိုင်နှုန်းမှာ ၂၂% မှ ၃၂% အထိပါရှိပါသည်။ နေကြာသီးနှံ သည် ကမ္ဘာ့ဆီထွက်သီးနှံထုတ်လုပ်မှု၏ ၈% နှင့်အထက်ရှိပြီး အများဆုံးထုတ်လုပ်သည့်နိုင်ငံမှာ ရုရှားနိုင်ငံ၊ ယူကရိန်းနိုင်ငံနှင့် အာဂျင်တီးနားနိုင်ငံတို့ဖြစ်ပါသည်။ နေကြာသီးနှံ၏ မူရင်းဒေသမှာ တောင်အာဖရိကနှင့် မြောက်အမေရိကတိုက်တို့ ဖြစ်ကြပါသည်။ မြန်မာနိုင်ငံတွင် ယခင်က နေကြာကို အနည်းငယ်သာစိုက်ပျိုးကြပြီး ယခုနောက်ပိုင်းကာလများတွင် ပြည်တွင်း စားသုံးဆီ ဖူလှုံမှုရှိစေရန်အတွက် စမ်းသပ်စိုက်ပျိုးလာကြပါသည်။ နေကြာကို ဧကပြတ်စိုက် ပျိုးကြသလို ပဲမျိုးစုံစိုက်ခင်းများထဲတွင်လည်း သီးထပ်သီးညှပ်စိုက်ပျိုးကြကြောင်း သိရပါသည်။  နေကြာဆီ သည် ကျန်းမာရေးနှင့်ညီညွတ်သည့် သဘာဝစားဆီဖြစ်ပြီး အနံ့မရှိသည့် ဆီတစ်မျိုးဖြစ်ပါသည်။ ယခင်က စားအုန်းဆီကို ပြည်တွင်းစားသုံးဆီ လုံလောက်မှုမရှိ၍ နှစ်စဉ်စားအုန်းဆီများကို ပြည်ပမှ တင်သွင်းနေရပါသည်။ ယခုအခါ ပြည်တွင်းစားသုံးဆီများဖူလှုံရေးအတွက် နှမ်း၊ မြေပဲ နှင့် နေကြာများကို အဓိကထား၍စိုက်ပျိုးကြပါသည်။ စားသုံးဆီဖူလှုံမှုမရှိသေးသဖြင့် စားအုန်းဆီ များကိုလည်း ဝယ်ယူ၍စားသုံးကြပါသည်။ ယခုအခါ နိုင်ငံတော်မှလည်း စားအုန်းဆီများကို သက်သာသော ဈေးနှုန်းများဖြင့် ရောင်းချပေးလျက်ရှိပါသည်။

          ပြည်တွင်းစားသုံးဆီများဖြစ်သော မြေပဲဆီ၊ နှမ်းဆီနှင့် စားအုန်းဆီတို့ရှိရာ စားအုန်းဆီကို အခြေခံလူတန်းစားများကစားသုံးကြပြီး၊ မြေပဲဆီနှင့် နှမ်းဆီကို ငွေကြေးပြည့်စုံသူများက ဝယ်ယူ စားသုံးကြပါသည်။ ဝယ်ယူစားသုံးကြသော စားသုံးဆီဈေးနှုန်းများအား အောက်ပါအတိုင်း တင်ပြလိုက်ရပါသည်-

စဉ်

လအမည်

မြေပဲဆီ(ကျပ်)

နှမ်းဆီ(ကျပ်)

စားအုန်းဆီ(ကျပ်)

၂၀၂၃ဇန်နဝါရီ

၁၀၅၀၀

၁၁၀၀၀

၆၈၀၀

ဖေဖော်ဝါရီ

၁၃၀၀၀

၁၂၀၀၀

၇၆၀၀

မတ်လ

၁၃၀၀၀

၁၂၀၀၀

၇၆၀၀

ဧပြီလ

၁၃၀၀၀

၁၂၀၀၀

၆၈၀၀

မေလ

၁၃၅၀၀

၁၂၀၀၀

၆၆၀၀

ဇွန်လ

၁၄၀၀၀

၁၃၀၀၀

၇၆၀၀

ဇူလိုင်

၁၄၀၀၀

၁၃၀၀၀

၈၅၀၀

ဩဂုတ်လ

၁၄၀၀၀

၁၂၅၀၀

၈၁၀၀

စက်တင်ဘာလ

၁၃၅၀၀

၁၄၀၀၀

၅၀၀၀

          မြေပဲဆီဈေးမှာ ၂၀၂၃ ဇန်နဝါရီလတွင် ၁၀၅၀၀ကျပ်ရှိခဲ့ပြီး စက်တင်ဘာလ တတိယ ပတ်တွင် တစ်ပိဿာလျှင် ၁၃၅၀၀ကျပ်ဈေးဖြစ်သဖြင့် တစ်ပိဿာလျှင် (၃၀၀၀)ကျပ်ခန့် ဈေးများမြင့်တက် လာခဲ့ပါသည်။ နှမ်းဆီဈေးမှာလည်း ဇန်နဝါရီလတွင် တစ်ပိဿာလျှင် ၁၁၀၀၀ကျပ်ဈေးရှိခဲ့ပြီး စက်တင်ဘာလ တတိယပတ်တွင် တစ်ပိဿာလျှင် ၁၄၀၀၀ကျပ်ဖြစ်၍ တစ်ပိဿာလျှင် ၃၀၀၀ ကျပ်ဖြင့်ဈေးမြင့်တက်လာခဲ့ပါသည်။ စားအုန်းဆီဈေးမှာ ဇန်နဝါရီ လတွင် တစ်ပိဿာလျှင် ၆၈၀၀ကျပ်ဖြစ်ခဲ့ပြီး ယခု စက်တင်ဘာလတတိယပတ်တွင် တစ်ပိဿာလျှင် ၅၀၀၀ကျပ်ဈေးဖြင့် တစ်ပိဿာလျှင် ၁၈၀၀ကျပ်ခန့် ဈေးများကျဆင်းလာတာ တွေ့ရပါသည်။

          ဒေသတွင်းထွက်ရှိသော မြေပဲဆီ၊ နှမ်းဆီများကို အရည်အသွေးမြှင့်ထုတ်ကုန် ထုတ်ကုန် အဖြစ်ထုတ်လုပ်၍ရောင်းချနိုင်မည်ဆိုလျှင် စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းစွာ စားသုံးနိုင် မည်ဖြစ်သလို ဆီဖူလှုံမှုရှိပါက ပိုလျှံသောဆီများကို နိုင်ငံခြားသို့တင်ပို့ရောင်းချနိုင်မည် ဖြစ်ပါသည်။ စားသုံးသူပြည်သူများအနေဖြင့် ကျန်းမာရေးအရလည်း ကောင်းမွန်စေရန်ဆီကို များပြားစွာ စားသုံး ခြင်းမပြုဘဲ ဆီကိုလျော့၍စားသုံးကြဖို့လိုအပ်ပါသည်။ အရွယ်အလိုက် တစ်ရက် ဆီစားသုံးမှုမှာ အသက် (၁)နှစ်မှ (၃)နှစ်အတွင်းကို ဆီ (၅)မတ်သား၊ အသက်(၄)နှစ်မှ (၆)နှစ်အတွင်း (၁)ကျပ်ခွဲသားနှင့် (၆)နှစ်နှင့်အထက် (၂)ကျပ်ခွဲသားခန့် စားသုံးပေးရန် လိုအပ် ပါသည်။ ထို့ကြောင့် လူတစ်ဦးလျှင် တစ်နှစ်ပျမ်းမျှစားသုံးဆီစားသုံးမှုမှာ (၅)ပိဿာနှင့် (၄၀)ကျပ်သား စားသုံးသင့်ကြောင်း သိရပါသည်။

          ထို့ကြောင့် ပြည်တွင်းသုတေသနဖွံ့ဖြိုးရေးလုပ်ငန်းများ တိုးတက်စေရန်အတွက် မြေပဲနှင့် နှမ်းကိုမျိုးကောင်းမျိုးသန့်များစိုက်ပျိုးခြင်းဖြင့် အထွက်နှုန်းကောင်း၊ အရည်အသွေးကောင်းသော ဆီထွက်သီးနှံများရရှိလာနိုင်မည် ဖြစ်ပါသည်။ စားသုံးဆီများ၏ စံချိန်စံညွှန်းသတ်မှတ်ပြီး စားဆီအရည်အသွေးကို ထိန်းချုပ်ပေးလျှင် ပြည်ပသို့တင်ပို့နိုင်မှာဖြစ်ပြီး နိုင်ငံခြား ဝင်ငွေများ ရရှိနိုင်မှာ ဖြစ်ပါသည်။

DOCA(ပဲခူး)