ပြည်ခရမ်းချဉ်သီးဈေးကွက်

Powered by Drupal

    ပြည်ဈေးကွက်တွင် ခရမ်းချဉ်သီးဈေးနှုန်းများမှာ ဈေးကွက်တွင်ဈေးကောင်းရရှိကာ အရောင်းသွက်လျက်ရှိပါသည်။ ရှမ်းသီးနှင့် ကိုင်းသီးဟူ၍ (၂)မျိုးရှိရာ ယခုအချိန်မှာတော့ ရှမ်းသီးများသာ ဈေးကွက်အတွင်း အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ ရှမ်းသီးတစ်ပိဿာလျှင် (၂၀၀၀)ကျပ်ရှိပြီး ပြည်ခရိုင်တွင်းမြို့နယ်များသို့လည်း ခြင်းများဖြင့် လာရောက်ရောင်းချကြပါ သည်။

    ခရမ်းချဉ်သီးသည် ဒေသမရွေး လွယ်ကူစွာ စိုက်ပျိုးနိုင်သော သီးနှံတစ်မျိုးဖြစ်ပါသည်။ ခရမ်းချဉ်သီးသည် အရောင်အသွေးလှပသကဲ့သို့ ခန္ဓာကိုယ်အတွက်များစွာအကျိုးရှိသော သီးနှံတစ်မျိုးဖြစ်ပါသည်။ ခရမ်းချဉ်သီးကိုဟင်းချက်ရာတွင် အနှစ်များများရအောင် ထည့်၍ ချက်ကြသလို အခြားသီးနှံများနှင့်အတူရော၍ကြော်ပြီး စားသုံးကြသလို အကြော်စုံများနှင့် လည်းရော၍ သုပ်စားကြပါသည်။

  ခရမ်းချဉ်သီးတွင် ဗီတာမင်အေ၊ ဘီ၊စီ၊ဒီ၊ ကေတို့များစွာပါဝင်သောကြောင့် အဆီပြန်သည့်အသားအရေကို ထိန်းညှိပေးပါသည်။ ခရမ်းချဉ်သီးကို စားသုံးပါက အသားအရေ လှပသည့်အပြင် နှလုံးကျန်းမာရေးကိုလည်း ကောင်းမွန်စေပါသည်။ ထို့အပြင် ခရမ်းချဉ်သီးတွင် လိုင်ကိုပင်း ဓာတ်ပါဝင်သောကြောင့် ဆီကျိတ်ကင်ဆာ၊ အူမကြီးကင်ဆာနှင့် အစာအိမ်ကင်ဆာများကိုလည်း ကာကွယ်ပေးနိုင် ပါသည်။

DOCA(ပဲခူး)