ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးဝင်းမင်းစိုးနှင့် ဝန်ထမ်းများသည် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ တိုင်းဆေးပညာ ဦးစီးဌာနတို့နှင့်အတူ ရေတွင်းကုန်းမူလတန်းကျောင်း၌ (၂၁.၉.၂၀၂၃) ရက်နေ့နံနက် (၁၀:၃၅) နာရီအချိန်တွင် စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောခဲ့ကြပါသည်။
ဓနုဖြူမြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးဦးစီးမှူးဦးဝင်းမင်းစိုးက စားသုံးသူကာကွယ်ရေးလုပ်ငန်းစဉ်အကြောင်းကိုလည်းကောင်း၊ စားသုံးသူအခွင့်အရေးကိုလည်းကောင်း၊ စီးပွားရေး လုပ်ငန်းရှင်အဓိပ္ပာယ်ကိုလည်းကောင်း၊ စားသုံးရန်မသင့်သော အစားအစာအကြောင်းကို လည်းကောင်း၊ ဘေးအန္တရာယ်ကင်း ရှင်းသောကုန်စည်များကိုရွေးချယ်စားသောက်တက်စေရန် ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းဆိုင်ရာကိစ္စရပ်နှင့်ပတ်သက်၍ ရှင်းလင်းခဲ့ပါသည်။ ထို့အပြင် ကျောင်းမုန့်ဈေးတန်းတွင် ရောင်းချသောမုန့်များတွင် ကုန်ပစ္စည်းအမျိုးအမည်၊ ထုတ်လုပ်ရက်စွဲ၊ သက်တမ်းကုန်ဆုံးရက်စွဲ၊ ကုန်စည်တွင်ပါဝင်သော ကုန်ကြမ်းပစ္စည်း အမျိုးအမည်ပစ္စည်းများ၏ ပမာဏ၊ ပါဝင်မှုအချိုးအစားစသည်တို့ကို ကြည့်ရှုပြီးမှ ဝယ်ယူစားသေက်ကြရန်နှင့် ကုန်စည်တစ်ခုကြောင့် စားသုံးသူအခွင့်အရေးနစ်နာဆုံးရှုံးမှုဖြစ်ပေါ်လာပါက စားသုံးသူရေးရာဦးစီးဌာနသို့ တိုင်ကြားနိုင်သည့် နည်းလမ်းများကို အသိပညာပေးခဲ့ပါသည်။
ဟောပြောပွဲသို့ ကျောင်းသား/ကျောင်းသူ (၂၈၅)ဦးတက်ရောက်ခဲ့ကြပြီး ကျောင်းမုန့်ဈေးတန်းရှိ မုန့်များကိုလည်း စစ်ဆေးခဲ့ကြောင်းသတင်းရရှိပါသည်။
DOCA (ဧရာဝတီ)