မြို့မဈေးနှင့် ရပ်ကွက်များအတွင်း ကလေးအာဟာရမုန့်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေး

Powered by Drupal

        ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးဝင်းမင်းစိုးနှင့် ဝန်ထမ်းများသည် မိတ်ဖက်အဖွဲ့များနှင့်အတူ စတိုးဆိုင်များတွင်ဖြန့်ဖြူးရောင်းချလျက်ရှိသည့် ကလေးအဟာရအမျိုးမျိုးနှင့်စပ်လျဉ်း၍ စားသုံးသူကာကွယ်ရေးဥပဒေပါ  ကုန်စည်များ၌ ကုန်အညွှန်းအမှတ် ပြည့်စုံစွာပါရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်းကို (၂၀.၉.၂၀၂၃) ရက်နေ့နံနက်  (၀၉:၃၀) နာရီခွဲအချိန်က စစ်ဆေးခဲ့ကြောင်းသိရသည်။

          ဓနုဖြူမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးဦးစီးမှူးဦးဝင်းမင်းစိုးနှင့် ဝန်ထမ်းများ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာ ရေးအဖွဲ့တို့မှ တာဝန်ရှိသူတို့က မြို့မဈေးနှင့် ရပ်ကွက်များအတွင်း ကုန်စုံဆိုင်များရှိ ကလေးအာဟာရ ဖြည့်စွက်စာအမျိုးမျိုးတို့တွင် စားသုံးသူရေးရာဦးစီးဌာန၏ စားသုံးသူကာကွယ်ရေးဥပဒေ (၂၀၁၉)၊ အခန်း (၁၈)၊ ပုဒ်မ (၄၁)၊ ကုန်အညွှန်း အမှတ်အသားဖော်ပြချက်နှင့် ကိုက်ညီမှု ရှိ/မရှိ၊ ညွှန်ကြားချက် အမိန့်အမှတ် (၂/၂၀၁၉) ဖြင့် ထုတ်ပြန်ထားသော ကုန်စည်များတွင် မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု(သို့မဟုတ်) တစ်ခုထက်ပို၍ဖြစ်စေ ဖော်ပြရာ၌ စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာဆောင်ရွက်ရန် ညွှန်ကြားချက်နှင့် ကိုက်ညီမှု ရှိ/မရှိနှင့် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် နို့စို့ကလေးနှင့် ကလေးငယ်များအတွက် ဖော်စပ်ထုတ်လုပ်ထားသော အစားအသောက်များ ဈေးကွက်တင်ခြင်းဆိုင်ရာ အမိန့်ဖော်ပြထားခြင်းနှင့် ကိုက်ညီမှု ရှိ/မရှိတို့ကို ဈေးကွက်စောင့်ကြည့်စစ်ဆေးရေးပူးပေါင်းအဖွဲ့မှ ကွင်းဆင်းစစ်ဆေးကြကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)