ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့တွင် အခြေခံစားသောက်ကုန်များအား ဈေးကားဖြင့်ရောင်းချပေးခြင်း

Powered by Drupal

     ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးစိုးဦး၊ ပုသိမ်ခရိုင်ဦးစီးမှူးနှင့် မြို့နယ်တာဝန်ခံတို့ပူးပေါင်း၍ ၂၅.၉.၂၀၂၃ ရက်နေ့ နံနက်ပိုင်းတွင် စားသုံးသူပြည်သူများ ဈေးနှုန်းသက်သာစွာ ဝယ်ယူစားသုံးနိုင်ရန်အတွက် ပုသိမ်မြို့နယ် ဇင်ပြွန်းကုန်း ကျေးရွာအုပ်စု ၊ ဝါးဘိုးကျေးရွာနှင့်ဝန်းကျင်ကျေးရွာများနေ အိမ်ထောင်စု (၃၃၀) အား ဈေးကားဖြင့် ဆန်တစ်ပြည်လျှင် ၂၅၀၀ ကျပ်၊ စားအုန်းဆီ တစ်ပိဿာလျှင် ၅၁၀၀ ကျပ် ၊ ကြက်ဥ ၄  လုံး လျှင် ၁၀၀ဝ ကျပ် ၊ ဆား ၅၀ ကျပ်သား လျှင် ၁၅၀ ကျပ် ၊ ငါးသေတ္တာငါး ၃၅ ကျပ်သားလျှင် ၁၀၀၀ ကျပ် နှုန်းဖြင့် ရောင်းချပေးကြောင်း သတင်းရရှိခဲ့ပါသည်၊၊

DOCA(ဧရာဝတီ)