ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့တွင်းရှိ ပြည်သူများအား အခြေခံစားသောက်ကုန်များ ရောင်းချပေးလျက်ရှိ

Powered by Drupal

          ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ် အမှတ်(၁၄) ရပ်ကွက်၌ ၂၄.၉.၂၀၂၃ ရက်နေ့ နံနက်ပိုင်း အခြေခံ စားသောက်ကုန်များဖြစ်သော ဆန်၊ ဆီ၊ ကြက်ဥတို့ကို ပြင်ပပေါက်ဈေးထက် ဈေးနှုန်း သက်သာစွာဖြင့်ရောင်းချပေးခြင်းကို တိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းစည်ပင်သာယာရေးအဖွဲ့၊ ခရိုင်အထွေထွေအုပ်ချုပ်ရေးအဖွဲ့ နှင့် ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန တို့ ပူးပေါင်း၍ ရပ်ကွက်နေပြည်သူများအတွက် ဆန်တစ်ပြည်လျှင် ၂၅၀၀ ကျပ်ဖြင့် အိတ်ရေ ၃၀ ကိုလည်းကောင်း၊ စားအုန်းဆီ (၅၀)ကျပ်သား ၂၅၅၀ကျပ်ဖြင့် ပိဿာ (၅၅၀) ကိုလည်းကောင်း ၊ ကြက်ဥ(၅)လုံး ၁၂၅၀ ကျပ်နှုန်းဖြင့် အလုံးရေ (၂၀၀၀) ကိုလည်းကောင်း ရောင်းချပေးခဲ့ပါသည်၊၊

          ထိုသို့ရောင်းချခဲ့ရာတွင် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များ စားသုံးသူရေးရာဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူး၊ ဒုတိုင်းဦးစီးမှူး ၊ ပုသိမ်ခရိုင်ဦးစီးမှူးရုံးနှင့် မြို့နယ်တာဝန်ခံတို့မှ ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း သတင်းရရှိပါသည်၊၊

DOCA(ဧရာဝတီ)