ဆိပ်ဖြူမြို့ ပတ္တမြားဈေးအတွင်း၌ နေ့စဉ်အရောင်းအဝယ်ဖြစ်လျက်ရှိသော အခြေခံစားကုန်ဈေးနှုန်းများ

Powered by Drupal

          မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့ ပတ္တမြားဈေးကြီးအတွင်းတွင် သီးနှံမျိုးစုံ အများဆုံးစိုက်ပျိုးထွက်ရှိသော ရေလယ်ကျွန်း၊ သံဇလုံ၊ ချင်တောင်၊ ချောင်းမကြီး၊ မယ်ဇလီကွေ့၊ တူရွန်းမျော၊ ဂွေးပင်ကျေးရွာများမှ အများဆုံးဝင်ရောက် ရောင်းချလျက်ရှိသည့်အပြင် ချောက်၊ ဆင်ဖြူကျွန်း၊ စလင်း၊ ပွင့်ဖြူ၊ ကျောက်ပန်းတောင်း၊ ပုပ္ပါး၊ ရှမ်းပြည်နယ် အင်းလေးဒေသထွက် ဟင်းသီးဟင်းရွက် သစ်သီးဝလံများ ဝင်ရောက်လျက်ရှိပြီး ဒေသခံပြည်သူများ ရောင်းဝယ်ဖောက်ကားရာ ဈေးဖြစ်ပါသည်။

          ဆိပ်ဖြူမြို့၊ ပတ္တမြားဈေးအတွင်း၌ ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ(၂၃)ရက်မှ (၂၅)ရက်နေ့ အထိ အရောင်းအဝယ်ဖြစ်လျက်ရှိသော အခြေခံစားကုန်ဈေးနှုန်းများမှာ ခရမ်းချဉ်သီး တစ်ပိဿာ လျှင် ကျပ်(၁၅၀၀ မှ ၁၈၀၀)၊ ခရမ်းသီးတစ်ပိဿာလျှင် ကျပ်(၂၀၀၀)၊ အာလူးတစ်ပိဿာလျှင် ကျပ်(၂၀၀၀ မှ ၂၈၀၀)၊ ကြက်သွန်နီတစ်ပိဿာလျှင် ကျပ်(၂၅၀၀ မှ ၃၀၀၀)၊ ကြက်သွန်ဖြူတစ် ပိဿာလျှင် ကျပ်(၁၀၀၀၀ မှ ၁၄၀၀၀)၊ ကုလားပဲဆံတစ်ပြည်လျှင် ကျပ်(၈၀၀၀)၊  မြေပဲဆံတစ်ပြည် လျှင် ကျပ်(၇၃၀၀ မှ ၇၅၀၀)၊ မြေပဲဆံတစ်ဘူးလျှင် ကျပ်(၁၀၀၀)၊ ချင်းတက်တစ်ပိဿာလျှင် ကျပ် (၄၀၀၀)၊ ချင်း(ဂျင်း)ပေါက်တစ်ပိဿာလျှင် ကျပ်(၄၄၀၀)၊ ငရုတ်သီးစိမ်းတစ်ပိဿာလျှင် ကျပ် (၃၂၀၀)၊ ငရုတ်သီးခြောက်အတောင့်တစ်ပိဿာလျှင် ကျပ်(၁၆၀၀၀ မှ ၁၈၀၀၀)၊ ငရုတ်သီးမှုန့်တစ် ပိဿာလျှင် ကျပ်(၂၀၀၀၀ မှ ၂၂၀၀၀)၊ ဂေါ်ဖီတစ်ထုပ်လျှင် ကျပ်(၅၀၀ မှ ၁၀၀၀)၊ မျှစ်တစ်ပိဿာ လျှင် ကျပ်(၂၀၀၀)၊ ဂေါ်ရခါးသီးခြောက်လုံးလျှင် ကျပ်(၁၀၀၀)၊ မုန်လာပွင့်တစ်ပွင့်လျှင် ကျပ်(၁၀၀၀) ဈေးဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိသည်။

          ဆိပ်ဖြူမြို့ အသားငါးဈေးနှုန်းများမှာ မွေးမြူရေးကြက်သား(CP)တစ်ပိဿာလျှင် ကျပ် (၁၀၀၀၀ မှ ၁၂၀၀၀)၊ ကြက်သား(ဗမာ) တစ်ပိဿာ လျှင် ကျပ်(၁၆၀၀၀)၊ ဝက်သား တစ်ပိဿာလျှင် ကျပ်(၁၆၀၀၀ မှ ၁၈၀၀၀)၊ ဆိတ်သားတစ်ပိဿာလျှင် ကျပ်(၁၈၀၀၀ မှ ၂၂၀၀၀)၊ အမဲသား တစ် ပိဿာလျှင် ကျပ် (၁၄၀၀၀ မှ ၁၆၀၀၀)၊ ငါးကြင်း တစ်ပိဿာလျှင် ကျပ် (၈၀၀၀ မှ ၁၀၀၀၀)၊ ငါးမြစ် ချင်းတစ်ပိဿာလျှင် ကျပ်(၇၅၀၀ မှ ၈၀၀၀)၊ ပဲဆီတစ်ပိဿာလျှင်ကျပ်(၁၅၀၀၀ မှ ၁၆၀၀၀) ၊ ပဲရော ဆီတစ်ပိဿာလျှင် ကျပ်(၁၃၀၀၀ မှ ၁၃၅၀၀)၊ နှမ်းဆီတစ်ပိဿာလျှင်ကျပ်(၁၅၀၀၀ မှ ၁၆၀၀၀)၊ နှမ်းရောဆီ တစ်ပိဿာလျှင် ကျပ်(၁၃၀၀၀ မှ ၁၄၀၀၀)၊ သိင်္ဂီပေါ်ဆန်း(၂၄)ပြည်တစ်အိတ်လျှင် ကျပ်(၁၆၀၀၀၀)၊ ဖျာပုံပေါ်ဆန်း (၂၄)ပြည်တစ်အိတ်လျှင် ကျပ်(၁၃၀၀၀၀)၊ ဧရာပဒေသာဆင်ဖြူ

ကျွန်း (၂၄)ပြည်တစ်အိတ်လျှင် ကျပ်(၁၄၅၀၀၀ မှ ၁၅၀၀၀၀)၊ ဧရာပဒေသာ(အောက်) (၂၄)ပြည် တစ်အိတ်လျှင် ကျပ်(၁၁၅၀၀၀)၊ မနောသုခဆန် (အောက်) (၂၄)ပြည်တစ်အိတ်လျှင် ကျပ်(၉၂၀၀၀)၊ ရတနာတိုးဆင်ဖြူကျွန်း (၂၄)ပြည်တစ်အိတ်လျှင် ကျပ်(၇၄၀၀၀) ဈေးနှုန်းအသီးသီးဖြင့် အရောင်း အဝယ်ဖြစ်နေကြောင်း သိရှိရသည်။

DOCA(မကွေး)