အောင်လံကုန်စည်ဒိုင်၏ သီးနှံအရောင်းအဝယ်ဖြစ်မှု အခြေအနေ

Powered by Drupal

     အောင်လံကုန်စည်ဒိုင်တွင် နှမ်းဈေးကွက်အနေဖြင့် သီးနှံအသစ်များဝင်ရောက်လျက်ရှိပြီး နှမ်းနက် (စမုံ)မှာ (၄၅)ပိဿာ(၁)အိတ်လျှင် ယခင်အပတ်(၂၀-၉-၂၀၂၃)ရက်နေ့တွင် ကျပ်(၂၆၀၀၀၀-၃၂၀၀၀၀) ဖြစ်ပြီး ယခုအပတ်(၂၆-၉-၂၀၂၃)ရက်နေ့တွင် ကျပ်(၂၇၀၀၀၀-၃၂၅၀၀၀)ဖြစ်၍ ကျပ်(၅၀၀၀-၁၀၀၀၀) ဈေးမြင့်တက်ခဲ့ပါသည်။ နှမ်းနီ ယခင်အပတ်တွင် ကျပ်(၃၀၀၀၀၀)ဖြစ်ပြီး ယခုအပတ်တွင်လည်း ကျပ် (၃၀၀၀၀၀)၊   နှမ်းဖြူ ယခင်အပတ်တွင် ကျပ်(၃၀၀၀၀၀)ဖြစ်ပြီး ယခုအပတ်တွင်လည်း ကျပ်(၃၀၀၀၀၀) ဖြစ်၍ ဈေးနှုန်းပြောင်းလဲမှုမရှိဘဲ နှမ်းပြာမှာ  ယခုအပတ်တွင် အနည်းငယ်ဝင်ရောက်လျက်ရှိပြီး ကျပ် (၂၇၅၀၀၀)ဖြင့်အရောင်းအဝယ်ရှိခဲ့ကြောင်း၊  အရောင်းအဝယ်ပမာဏအနေဖြင့် (၄၅)ပိဿာဝင်အိတ်များဖြင့် နှမ်းနက်(စမုံ)(၇၇၀၀)အိတ်၊ နှမ်းနီ(၁၂၀)အိတ်၊ နှမ်းဖြူ(၆၀)အိတ်၊ နှမ်းပြာ(၁၀၀)အိတ်တို့ အရောင်းအဝယ် ရှိခဲ့ပါကြောင်း အောင်လံကုန်စည်ဒိုင်မှ သိရှိရပါသည်။

    ပဲမျိုးစုံဈေးကွက်အနေဖြင့် ကုလားပဲ(မြကြေး) (၂၀)ပိဿာ(၁)တင်းလျှင် ယခင်အပတ်တွင် ကျပ်(၉၁၀၀၀)ဖြစ်ပြီး ယခုအပတ်တွင်ကျပ်(၉၁၅၀၀)ဖြစ်၍ ကျပ်(၅၀၀)ဈေးမြင့်ခဲ့ကြောင်း၊ မတ်ပဲ ယခင်အပတ်တွင် ကျပ်(၇၉၀၀၀)ဖြစ်ပြီး ယခုအပတ်တွင် ကျပ်(၈၃၀၀၀)ဖြစ်၍ ကျပ်(၄၀၀၀)စသည်ဖြင့် အသီးသီးဈေးမြင့်ခဲ့ပါသည်။ ပဲတီစိမ်းယခင်အပတ်တွင် ကျပ်(၅၅၀၀၀-၆၀၀၀၀)ဖြစ်ပြီး ယခုအပတ်တွင် ကျပ်(၅၅၀၀၀-၅၉၀၀၀)ဖြစ်၍ ကျပ်(၁၀၀၀)ဈေးလျော့ခဲ့ပြီး ပဲကြီးမှာယခင်အပတ်တွင် ကျပ်(၉၆၀၀၀-၁၀၀၀၀၀)ဖြစ်ပြီး ယခုအပတ်တွင်လည်း ကျပ်(၉၆၀၀၀-၁၀၀၀၀၀)၊ ကုလားပဲ(H-L) ယခင်အပတ်တွင် ကျပ်(၉၃၀၀၀)ဖြစ်ပြီး ယခုအပတ်တွင်လည်း ကျပ်(၉၃၀၀၀)ဖြစ်၍ ဈေးနှုန်းပြောင်းလဲမှုမရှိပဲ  အရောင်း အဝယ်ပမာဏအနေဖြင့်  (၃၀)ပိဿာဝင်အိတ်များဖြင့် ပဲတီစိမ်း(၉၀၀)အိတ်၊ မတ်ပဲ(၂၇၀)အိတ်၊ ကုလားပဲ (H-L)(၁၁၀၀)အိတ်၊ ကုလားပဲ(မြကြေး)(၇၀၀)အိတ်၊ ပဲကြီး(၃၅၀)အိတ်တို့ အရောင်းအဝယ်ဖြစ်ခဲ့ပါသည်။

    မြေပဲလုံးဆံဖြူ(၁)ပိဿာလျှင် ယခင်အပတ်တွင် ကျပ်(၆၆၀၀-၆၇၀၀)ဖြစ်ပြီး ယခုအပတ်တွင် ကျပ်(၆၄၀၀)ဖြစ်၍ ကျပ်(၂၀၀-၃၀၀)ဈေးလျော့ခဲ့ကြောင်း၊ မြေပဲလုံးဆံနီ(၁)ပိဿာလျှင် ယခင်အပတ်တွင် ကျပ်(၈၀၀၀-၈၃၀၀)ဖြစ်ပြီး ယခုအပတ်တွင် ကျပ်(၇၂၀၀)ဖြစ်၍ ကျပ်(၈၀၀-၁၁၀၀)ဈေးလျော့ခဲ့ကြောင်း၊ မြေပဲတောင့်အစို(၁)တင်းလျှင် ယခင်အပတ်တွင်  ကျပ်(၁၈၀၀၀-၂၂၀၀၀)ဖြစ်ပြီး ယခုအပတ် တွင် ကျပ်(၁၈၀၀၀-၂၀၀၀၀)ဖြစ်၍ ကျပ်(၂၀၀၀)စသည်ဖြင့် အသီးသီးဈေးလျော့ခဲ့ပြီး အရောင်းအဝယ်ပမာဏအနေဖြင့် (၃၀)ပိဿာဝင်အိတ်များဖြင့် မြေပဲလုံးဆံဖြူ(၄၈၀)အိတ်၊ မြေပဲလုံးဆံနီ(၂၀၀)အိတ်၊ မြေပဲတောင့် အစိုတင်း(၃၉၀၀)ခန့် အရောင်းအဝယ်ရှိခဲ့ပါကြောင်း၊ နှမ်းသီးနှံနှင့် ပဲတီစိမ်း၊ မြေပဲလုံးဆံနီ၊ မြေပဲလုံးဆံဖြူ၊ မြေပဲတောင့်အစိုတို့မှာ သီးနှံအသစ်များဝင်ရောက်လျက်ရှိပြီး ရန်ကုန်မြို့နှင့်မန္တလေးမြို့များသို့ တင်ပို့ရောင်းချလျက်ရှိကြောင်း အောင်လံကုန်စည်ဒိုင်မှ သိရှိရပါသည်။

DOCA(မကွေး)