စက်တင်ဘာလ စတုတ္ထပတ် မုံရွာမြို့တွင်ရောင်းချနေသော စက်သုံးဆီဈေးနှုန်းများ

Powered by Drupal

    မြန်မာနိုင်ငံစက်သုံးဆီ တင်သွင်း/ သိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီမှ တိုင်းဒေသကြီး၊ပြည်နယ်အလိုက် မြို့ကြီးများ၏ စက်သုံးဆီ ရည်ညွှန်းလက်ကားဈေးနှုန်းများအား နေ့စဉ်ထုတ်ပြန်ပေးလျက်ရှိပါသည်။

    မုံရွာမြိုတွင် စက်သုံးဆီဆိုင် (၂၇)ဆိုင် ပုံမှန်ဖွင့်လှစ်ရောင်းချလျက်ရှိပြီး တတိယပတ်တွင် စက်သုံးဆီဈေးနှုန်းများမှာ ဓါတ်ဆီ(92) တစ်လီတာလျှင် (၂၄၃၅) ကျပ်၊ ဓါတ်ဆီ (95) တစ်လီတာလျှင် (၂၅၄၅)ကျပ် ၊ ဒီဇယ်(ရိုးရိုး) တစ်လီတာလျှင် (၂၅၉၀) ကျပ်၊ ဒီဇယ်(ပရီမီယမ်) တစ်လီတာလျှင် (၂၆၆၅)ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း သိရသည်။

        ယခု စက်တင်ဘာလ စတုတ္ထပတ်တွင် စက်သုံးဆီဈေးနှုန်းများမှာ ဓါတ်ဆီ(92) တစ်လီတာ လျှင် (၂၂၇၅) ကျပ်၊ ဓါတ်ဆီ (95) တစ်လီတာလျှင် (၂၃၈၀)ကျပ် ၊ ဒီဇယ်(ရိုးရိုး) တစ်လီတာလျှင် (၂၅၅၅) ကျပ်၊ ဒီဇယ်(ပရီမီယမ်) တစ်လီတာလျှင် (၂၆၃၀) ကျပ်ဖြင့် ရောင်းချနေသောကြောင့် ယခင်အပတ် နှင့် နှိုင်းယှဉ်ပါက ဓါတ်ဆီ(92) တစ်လီတာလျှင် (၁၆၀)ကျပ်၊  ဓါတ်ဆီ(95) တစ်လီတာ လျှင်(၁၆၅)ကျပ်၊ ဒီဇယ်(ရိုးရိုး)တစ်လီတာလျှင် (၃၅)ကျပ်၊ ဒီဇယ် (ပရီမီယမ်) တစ်လီတာ လျှင် (၃၅) ကျပ်ဖြင့် ဈေးနှုန်းအသီးသီး ကျလျက်ရှိကြောင်း စက်သုံးဆီဆိုင်များမှ သတင်းရရှိသည်။

DOCA(စစ်ကိုင်း)