ဘားအံမြို့တွင်ရောင်းချနေသော အခြေခံစားကုန်များ၏ဈေးနှုန်းအခြေအနေ

Powered by Drupal

   ဘားအံမြို့တွင် ၂၀၂၃ခုနှစ်၊ စက်တင်ဘာလ စတုတ္ထပတ်အတွင်း အခြေခံစားကုန်များဖြစ်သော ပေါ်ဆန်းဆန်တစ်ပြည်လျှင် ၅၄၀၀ကျပ်၊ ဧည့်မထဆန်တစ်ပြည်လျှင် ၂၉၀၀ကျပ်၊ ဆန်ကွဲတစ်ပြည်လျှင် ၂၁၀၀ကျပ်ဖြင့် ဆန်ဈေးနှုန်းများမှာ ယခင်အပတ်အတိုင်း ဈေးနှုန်းတည်ငြိမ်နေပြီး အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ စားအုန်းဆီ(ယိုးဒယား)တစ်ပိဿာလျှင် ၇၀၀၀ကျပ်၊ စားအုန်းဆီ(ရည်ညွှန်းဈေး) တစ်ပိဿာလျှင် ၅၀၀၀ကျပ်၊ မြေပဲဆီတစ်ပိဿာလျှင် ၁၆၀၀၀ကျပ်တို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ကြက်သွန်နီတစ်ပိဿာလျှင် ၃၃၀၀ကျပ်၊ ကြက်သွန်ဖြူ (ကြူကုတ်) တစ်ပိဿာလျှင် ၈၅၀၀ကျပ်နှင့် ကြက်သွန်ဖြူ(ရှမ်းစ)တစ်ပိဿာလျှင် ၁၀၀၀၀ကျပ်၊ အာလူးတစ်ပိဿာလျှင် ၂၆၀၀ကျပ်၊ ချင်းတစ်ပိဿာလျှင် ၆၀၀၀ကျပ်၊ ငရုတ်သီးခြောက်တစ်ပိဿာလျှင် ၁၄၀၀၀ကျပ်၊ ပဲနီလေးတစ်ပိဿာလျှင် ၆၈၀၀ကျပ်၊ ကုလားပဲခြမ်းတစ်ပိဿာလျှင် ၆၅၀၀ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။

      အသားငါးဈေးနှုန်းများမှာ ဝက်သားတစ်ပိဿာလျှင် ၁၅၀၀၀ကျပ်၊ အမဲသားတစ်ပိဿာလျှင် ၁၅၀၀၀ကျပ်၊ ဆိတ်သားတစ်ပိဿာလျှင် ၁၈၀၀၀ကျပ်၊ ကြက်သား(CP) တစ်ပိဿာလျှင် ၁၀၅၀၀ကျပ်၊ ချောင်းငါးကြင်းတစ်ပိဿာလျှင် ၂၀၀၀၀ကျပ်၊ ငါးမြစ်ချင်းတစ်ပိဿာလျှင် ၈၀၀၀ကျပ်၊ မွေးမြူရေးငါးခူတစ်ပိဿာလျှင် ၇၀၀၀ကျပ်၊ ပုစွန်(ဘော့ချိတ်)တစ်ပိဿာလျှင် ၂၂၀၀၀ကျပ်ဖြင့် ငါးဈေးများမှာ ယခင်အပတ်အတိုင်းဈေးနှုန်းတည်ငြိမ်နေပြီး အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်းသိရသည်။

     ကြက်ဥလက်လီဈေးနှုန်းမှာ ကြက်ဥ(ကြီး)တစ်လုံးလျှင် ၃၀၀ကျပ်၊ ကြက်ဥ(သေး) တစ်လုံးလျှင် ၂၇၀ကျပ်၊ ဘဲဥ(ကြီး)တစ်လုံးလျှင် ၄၀၀ကျပ်၊ ဘဲဥ(သေး)တစ်လုံးလျှင် ၃၅၀ကျပ်၊  ဟင်းသီးဟင်းရွက်ဈေးနှုန်းများမှာ ဂေါ်ဖီထုပ် ၁ထုပ်လျှင် ၁၅၀၀ကျပ်၊ ခရမ်းချဉ်သီးတစ်ပိဿာလျှင် ၂၃၀၀ကျပ်၊ ပဲတောင့်ရှည်သီးတစ်စည်းလျှင် ၇၀၀ကျပ်၊ ကန်စွန်းရွက်တစ်စည်းလျှင် ၂၅၀ကျပ်နှင့် ချဉ်ပေါင်ရွက်တစ်စည်းလျှင် ၃၀၀ကျပ်တို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်းသိရှိရပါသည်။

DOCA(ကရင်)