ကန့်ဘလူ၊ ကျွန်းလှမြို့တို့တွင် ရောင်းချနေသော အခြေခံစားကုန်များ၏ဈေးနှုန်းအခြေအနေ (စက်တင်ဘာလ စတုတ္ထအပတ်)

Powered by Drupal

    ၂၀၂၃ ခုနှစ် စက်တင်ဘာလ စတုထ္ထအပတ်အတွင်း ကန့်ဘလူ၊ ကျွန်းလှမြို့တို့တွင် အခြေခံစားကုန်များဖြစ်သော ရွှေဘိုပေါ်ဆန်း တစ်ပြည် (၅၂၀၀)ကျပ်၊ ဧရာမင်း တစ်ပြည် (၅၅၀၀)ကျပ်ဖြင့် တည်ငြိမ်ပြီး အရောင်းအဝယ်ဖြစ်လျက်ရှိသည်။ ကြက်သွန်နီ လက်လီဈေးမှာ အကြီး /အသေးပါ်မူတည်၍ တစ်ပိသာလျှင်(၂၅၀၀/၃၀၀၀)ကျပ် ၊ကြက်သွန်ဖြူ လက်လီဈေးမှာ(ဗမာ) အလုံးကြီး တစ်ပိသာ (၁၀၀၀၀)ကျပ် ၊ အလုံး သေး တစ်ပိသာ (၉၀၀၀)ကျပ် ၊ ကြက်သွန်ဖြူ (ကြူကုတ်) တစ်ပိသာ (၉၀၀၀) ကျပ် ၊ဂျင်း တစ်ပိသာလျှင် (၇၀၀၀/၈၀၀၀) ကျပ် ၊ငရုတ်သီးခြောက် တစ်ပိသာ (၁၈၀၀၀)ကျပ် ၊ အာလူး အသေး/အကြီး အမျိုးအစား အလိုက် တစ်ပိသာ(၂၅၀၀/၂၇၀၀)ကျပ် ဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိပါသည်။

     ငရုတ်သီးစိမ်း တစ်ပိသာ (၃၀၀၀)ကျပ် ယခင် ၊ ခရမ်းချဉ်သီး တစ်ပိသာ အကြီး/ အသေးပေါ်တူတည်ပြီး (၁၈၀၀/၂၀၀၀)ကျပ် ၊ ခရမ်းသီး  တစ်ပိသာ (၂၀၀၀) ကျပ် ၊ ပန်းဂေါ်ဖီ တစ်ပွင့်  (၁၅၀၀) ကျပ် ၊ ဂေါ်ဖီထုပ် တစ်ထုပ်လျှင် (၁၅၀၀) ကျပ် ၊ ခါကြက်ဥ(တရုတ်) တစ်ပိသာ (၅၀၀၀)ကျပ် ၊ ခါကြက်ဥ (ဗမာ) တစ်ပိသာ လျှင် (၃၅၀၀)ကျပ် ၊ သံပုရာသီး တစ်လုံးလျှင် (၅၀) ကျပ် မှ (၁၀၀) ကျပ် ၊ ကန်စွန်းရွက် တစ်စည်းလျှင် (၁၅၀) ကျပ်နှုန်းဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရှိရပါသည် ။

   ကြက်ဥ လက်လီဈေးနှုန်းမှာ (အကြီး)တစ်လုံး (၃၀၀)ကျပ်၊ (အသေ)တစ်လုံး (၂၈၀) ကျပ် ၊ ဘဲဥ တစ်လုံ (၃၀၀/၃၅၀)ကျပ်ရှိသည်။  ကန့်ဘလူ၊ ကျွန်းလှမြို့တို့၏ အသား /ငါး ဈေးနှုန်းများမှာ ကြက်သား(cp) (၁၃၀၀၀ )ကျပ် ၊ ကြက်သား(ဗမာ) (၁၈၀၀၀ )ကျပ် မှ (၂၀၀၀၀) ကျပ် ၊ ဝက်သား တစ်ပိ သာ (၁၉၀၀၀) ကျပ် ၊ အမဲသာ တစ်ပိသာ (၁၁၀၀၀) ကျပ် မှ (၁၄၀၀၀) ကျပ်ဖြင့် အရောင်းအဝယ် ဖြစ်လျှက်ရှိကြောင်း တွေ့ရှိရ ပါသည်။ ငါးကြင်း အကောင်လိုက်နှင့် ငါးကြင်းခုတ်သား ဈေးမှာ တစ်ပိသာ (၉၀၀၀) ကျပ် မှ (၁၆၀၀၀) ကျပ်၊ တီလားဗီးယားငါး အသေးတစ်ပိသာ (၅၀၀၀)ကျပ် ၊ အကြီး တစ်ပိသာ (၇၀၀၀)ဖြင့် အရောင်းအဝယ် ဖြစ် နေကြောင်း သိရပါသည်။

      စားသုံးဆီဈေးနှုန်းမှာ မြေပဲဆီသန့် တစ်ပိသာလျှင် (၁၄၀၀၀)ကျပ် ၊စားအုန်းဆီတစ်ပိသာလျှင် (၅၂၀၀) ကျပ် ဖြင့်အရောင်းအဝယ် ဖြစ်နေကြောင်း သိရသည်။

      စက်တင်ဘာလ စတုတ္ထအပတ်အတွင်း အခြေခံစားကုန်ဈေးနှုန်းများနှင့် ယခင်အပတ်ဈေးနှုန်းများ နှိုင်းယှဉ်ကြည့်လျှင် အခြားအခြေခံစားကုန်ဈေးနှုန်းများ ကွာဟမှုမရှိကြောင်းနှင့် အသီးအရွက်ဈေးများ၊ အသားဈေးများအနည်းငယ်ကျဆင်းကာ၊ ငါးဈေးများအနည်းငယ် မြင့်တက်လာကြောင်း ကန့်ဘလူမြို့မဈေးရောင်းချသူများထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)